Pages

Saturday, February 25, 2017

ကာကွယ်ရေးဝန်ကြီးဌာန အသင်း စုပေါင်း တံခွန်စိုက်ဒိုင်းဆု ဆွတ်ခူး




နေပြည်တော် (၂၅-၂-၂၀၁၇)

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပထမအကြိမ်လူရွေး ပွဲနှင့်(၆၂) ကြိမ်မြောက် အမျိုးသား တံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ် ပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်းအတွင်း ယနေ့တွင် ဆက်လက် ကျင်းပခဲ့ပြီး ပြိုင်ပွဲ များအပြီးတွင် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုကို ကာကွယ်ရေး ဝန်ကြီးဌာန အသင်း၊ အမျိုးသား တံခွန်စိုက် ဒိုင်းဆုကို မြို့တော်စည်ပင် အသင်းနှင့်စုပေါင်း တံခွန်စိုက်ဒိုင်း ဆုကို ကာကွယ်ရေး ဝန်ကြီးဌာန အသင်းတို့က ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲ များအဖြစ် အမျိုးသား၊ အမျိုးသမီး မီတာ ၁၅ဝဝ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန် ပြိုင်ပွဲ၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၁ဝဝ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၄ဝဝ တန်းကျော် ပြေးပြိုင်ပွဲ နှင့် အမျိုးသား၊ အမျိုးသမီးမီတာ ၄ဝဝx၄ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ များကျင်းပခဲ့ပြီး တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများချီးမြှင့်
ခဲ့သည်။

ပြိုင်ပွဲများ အပြီးတွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် သုံးခု၊ ရမှတ် ၁၆ဝ မှတ်ဖြင့် အမျိုးသား တံခွန်စိုက်ဒိုင်းဆု ရရှိသွားသော မြို့တော် စည်ပင်အသင်းအား တံခွန်စိုက် ဒိုင်းဆုနှင့် ငွေသားဆု ငွေကျပ် ၁ဝ သိန်း၊ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ၁၃ ခု၊ ရမှတ် ၁၅ဝ မှတ်ဖြင့် အမျိုးသမီး တံခွန်စိုက် ဒိုင်းဆုရရှိသွားသော ကာကွယ်ရေး ဝန်ကြီးဌာန အသင်းအား တံခွန် စိုက်ဒိုင်းဆုနှင့် ငွေသားဆု ငွေကျပ် ၁ဝ သိန်း၊ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် ကိုးခု၊ ကြေးတံဆိပ် ၁၉ ခု၊ ရမှတ် ၂၂၇ မှတ်ဖြင့် အမျိုးသား၊ အမျိုးသမီး စုပေါင်း တံခွန်စိုက် ဒိုင်းဆု ရရှိသွားသော ကာကွယ်ရေး ဝန်ကြီးဌာန အသင်းအား တံခွန်စိုက် ဒိုင်းဆုနှင့် ငွေသားဆု ငွေကျပ် ၁၅သိန်းတို့ကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အားကစား နှင့်ကာယ ပညာဦးစီး ဌာနညွှန်ကြားရေးမှူး ချုပ်ဦးမျိုးလှိုင်က ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment