Pages

Monday, February 27, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်



နေပြည်တော် ၊ ၂၇-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသ ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူ ၄၂၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၈၁ ဦး၊ ခွဲစိတ်ရောဂါ ၅၉ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ သားဖွား/မီးယပ် ရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၄၃ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၉ ဦး၊ မျက်စိရောဂါ ၈၅ ဦးနှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၁၄ ဦး၊ သွားရောဂါ လူနာ ၃၆ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ငါးဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂၆ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးကာ လူနာ ၂၆ ဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရန်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment