Pages

Friday, February 3, 2017

ရန်ကုန်မြို့အတွင်း မီးလောင်မှုဖြစ်စဉ်ကို ကြိုတင်သိရှိစေနိုင်မည့် စောင့်ကြည့်ကင်မရာများ ထပ်မံတပ်ဆင်ရန် မြို့နယ် အဆောက်အအုံများ ရွေးချယ်နေ



ရန်ကုန် ၊ ၃-၂-၂၀၁၇

ရန်ကုန်မြို့အတွင်း မီးလောင်မှု ဖြစ်စဉ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရေး စောင့်ကြည့် ကင်မရာများ ထပ်မံ တပ်ဆင်ရန် မြို့နယ် အဆောက်အအုံ များကို ရွေးချယ်နေကြောင်း မြန်မာနိုင်ငံ မီးသတ် ဗဟိုဌာနချုပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ စောင့်ကြည့် ကင်မရာများသည် ၃၆ဝ ဒီဂရီ မြင်ကွင်းကျယ် အမျိုးအစား ဖြစ်သည့်အတွက် သိသာစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှု များကို ကြိုတင်ဆောင်ရွက် ထားနိုင်ရန်နှင့် ဆုံးရှုံးမှု လျော့နည်းစေရန် ရန်ကုန် တစ်မြို့လုံးကို လွှမ်းခြုံနိုင်စေမည့် နေရာခုနစ် နေရာ၌ ထပ်မံတပ်ဆင်မည် ဖြစ်ပြီး နေရာ ရွေးချယ်မှုများ ပြုလုပ်လျက် ရှိသည်။ လက်ရှိတွင် စောင့်ကြည့် ကင်မရာ တပ်ဆင်မှု အနေဖြင့် ရန်ကုန်မြို့ရှိ အဆောက်အအုံ ငါးခု၌ တပ်ဆင် အသုံးပြုလျက် ရှိပြီး ယင်းတို့မှာ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ ဆာကူရာတာဝါ၊ မြဝတီ တာဝါ၊ ရှစ်မိုင်တာဝါ နှင့် ဘုရင့်နောင်တာဝါ တို့၌ စောင့်ကြည့် ကင်မရာ နှစ်လုံးစီ တပ်ဆင်ထားပြီး တစ်မြို့ လုံးကို လွှမ်းခြုံကြည့်ရှု နိုင်စေရန် အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် ကင်မရာနှစ်လုံး တပ်ဆင် ထားသော အဆောက်အအုံများမှ တစ်လုံးစီ ပြန်လည် ယူဆောင်၍ ထပ်မံ တည်ဆောက် ထားသော အထပ်မြင့် အဆောက်အအုံ များ၌ ပြောင်းလဲ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် ဖြစ်ပွားပါက မီးငြှိမ်းသတ် ရာတွင် လိုအပ်သော ခေတ်မီပစ္စည်း ကိရိယာများ ကိုလည်း ဝယ်ယူဖြည့်တင်း ထားပြီး နိုင်ငံတကာ ကလည်း အကူအညီများ ပေးနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment