Pages

Tuesday, February 21, 2017

ဧရာဝတီ မြစ်နှင့် ချင်းတွင်း မြစ်တို့တွင် ရေလမ်းအသုံး ပြုခကောက်ခံ ရေးစခန်းများ ထပ်မံဖွင့်လှစ်ရန် အစီစဉ်မရှိသေး



မန္တလေး ၊ ၂၁-၂-၂၀၁၇ 

ဧရာဝတီမြစ် နှင့်ချင်းတွင်းမြစ် တို့တွင် ရေလမ်းအသုံးပြု ခကောက်ခံ ရေးစခန်းများ ထပ်မံ ဖွင့်လှစ်ရန် အစီအစဉ် မရှိသေး ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ဖွင့်လှစ်ထားသည့် ရေလမ်းအသုံးပြုခ ကောက်ခံရေး စခန်းများအနေဖြင့် ရေယာဉ် သင်္ဘောများကို အသုံးပြုခ ကောက်ခံရာတွင် လုံလောက်မှုရှိ နေခြင်းနှင့် ရေလမ်းပိုင်းအကွာ အဝေးမိုင်အလိုက် ပြောင်းလဲ ကောက်ခံ လိုက်ခြင်း တို့ကြောင့် ကောက်ခံရေး စခန်းများ ထပ်မံ ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တစ်လျှောက်တွင် ရေလမ်းအသုံး ပြုခ ကောက်ခံရေးစခန်း ၁ဝခုထိ ဖွင့်လှစ်သွားရန် လျာထားပြီး လက်ရှိတွင် မကွေး၊ ပြည်၊ မုံရွာ၊ မန္တလေး၊ ကသာနှင့် ကလေးဝမြို့တို့တွင် ရေလမ်းအသုံးပြု ခကောက်ခံ ရေးစခန်း ခြောက်ခုထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ရေလမ်းအသုံးပြု ခကောက်ခံ နှုန်းများကို ယခင်က တန်ချိန်ဖြင့် တွက်ချက်ကောက် ခံခဲ့ပြီး ယခုအခါ တစ်တန်မှ တန်၁ဝဝထိနှင့် တန် ၁ဝဝအထက်ဟူ၍ ကောက်ခံနှုန်း နှစ်မျိုးဖြင့် ရေလမ်းပိုင်းအကွာ အဝေးမိုင်အလိုက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ပြောင်းလဲ ကောက်ခံခဲ့ရာမှ ၂ဝ၁၆ ခုနှစ် ဇွန် ၂ဝရက်မှစတင်၍ ကောက်ခံနှုန်းများကို ထက်ဝက် လျှော့ချခဲ့ကြောင်း ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

ရေလမ်းအသုံး ပြုခကောက်ခံ ရေးစခန်း ဖွင့်လှစ်မည့် စခန်း ၁ဝခု အနက် စခန်းဖွင့်လှစ်ရန်ကျန်ရှိ သည့် မြို့များမှာ ပခုက္ကူ၊ ဟင်္သာတ၊ ဗန်းမော်နှင့် ဟုမ္မလင်းမြို့တို့ဖြစ် ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၄)

#Yadanarpondaily

No comments:

Post a Comment