Pages

Thursday, February 23, 2017

သထုံမြို့နယ် ဂေါ့ကျေးရွာရှိ လယ်မြေ ၂၂၅ဧက ကိုစက်မှု လယ်ယာမြေများ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေ



သထုံ ၊ ၂၃-၂-၂၀၁၇

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာရှိ တောင်သူ ၂၅ ဦး ၏ လယ်မြေ ၂၂၅ ဧကကို စက်မှုလယ်ယာ စနစ်ကျလယ်မြေများ အဖြစ် အကောင်အထည် ဖော်ဆောင် ရွက်ပေးနေကြောင်း သထုံမြို့၊ စက်မှု လယ်ယာ ဦးစီးဌာနမှ သိရသည်။

သမားရိုးကျ လုပ်ကိုင်နေသော လယ်ယာစနစ် မှစက်မှု လယ်ယာသို့ ကူးပြောင်းရာတွင် အဓိကကျသော လယ်ယာမြေများကို အဆင့်မြှင့်တင် ပေးခြင်းဖြင့် စက်ကိရိယာကို လယ်မြေများ အတွင်း စွမ်းအားပြည့် လုပ်ကိုင် နိုင်ပြီး တောင်သူများ၏ အကျိုးစီးပွား ပိုမိုမြှင့်တင် လာနိုင် ရန်ရည်ရွယ်၍ လုပ်ကိုင်ပေးရ ခြင်းဖြစ် ကြောင်း သထုံမြို့ စက်မှု လယ်ယာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာကိုင်ထန်း က ပြောပြသည်။

''အခုဆို တောင်သူအများစု က သမားရိုးကျ လယ်ယာလုပ်ကိုင် နည်းတွေကိုပဲ အသုံးပြုတဲ့အတွက် အကျိုးစီးပွား ဖြစ်သင့်သလောက် မဖြစ်ဘူး။ ဒီနေရာမှာ စက်စွမ်းအား ကို အပြည့်အဝ အသုံးပြုနိုင်ရင် ပိုအကျိုးရှိမယ်။ ဒါကြောင့် တစ်ဧကကွက် တွေကို ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ အခမဲ့ ဖော်ပေးတယ်။ လယ်မြေကို စနစ်တကျ အကွက် ဖော်နိုင်မှ စက်အသုံး ပြုတဲ့နေရာ မှာ စက်စွမ်းအား ကိုအပြည့် သုံးနိုင်မယ်'' ဟု ၎င်းကဆက်လက် ပြောပြသည်။

သထုံမြို့နယ်တွင် စနစ်ကျလယ်မြေ ဖော်ထုတ် ပေးခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် လယ်မဲ့ယာမဲ့များ အတွက် ဧက ၅ဝ ဝကို ဖော်ထုတ် ပေးနိုင်ခဲ့ရာ လာမည့်နှစ် များတွင် စနစ်ကျလယ်မြေများ ဖော်ထုတ် ပေးနိုင်ရေး ကုန်ကျငွေတင်ပြ တောင်းခံ ထားကြောင်း သိရသည်။

စက်မှုလယ်ယာ စနစ်ကျ လယ်ကွက်များ ဖော်ထုတ် ခြင်းဖြင့် ရေသွင်းရေထုတ် မြောင်းရှိခြင်း ကြောင့် လယ်ကွက် အတွင်းရှိ စပါးပင်များအတွက် ရေကို အလွယ်တကူ သွင်းနိုင်၊ ထုတ်နိုင်ခြင်း၊ လယ်မြေ မျက်နှာပြင် ညီညာပြန့်ပြူး ခြင်းကြောင့် စိုက်ပျိုး ရေသုံးစွဲမှုကို ၂ဝရာခိုင်နှုန်းထိ လျှော့ချနိုင်ခြင်း၊ လယ်ကွက်၏ အကျယ်အဝန်းနှင့် ပုံသဏ္ဌာန်မှန် ကန်ခြင်းကြောင့် စက်ကိရိယာများ စက်စွမ်းအား ပြည့်အသုံးပြု နိုင်သည့်အပြင် လောင်စာဆီ ကုန်ကျမှု သက်သာစေခြင်း စသည့် အကျိုးကျေးဇူး များ ရရှိကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment