Pages

Saturday, February 18, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေကျင်သာသနာ ပိုင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမဈာပနသာဓုကီဠန ပူဇော်ပွဲအခမ်းအနားကျင်းပ ပြုလုပ်မည့်နေရာသို့ သွားရောက်ကြည့်ရူ


နိုင်ငံတော်သြဝါဒါစရိယ စုဒ္ဒသမရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ဥတုဇရုပ်ကလာပ်တော်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဖူးမြော်ကြည်ညိုစဉ်။

.
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလ၊ှ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလိချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာဝိသုဒ္ဓါရုံ တိုက်သစ်သို့ သွားရောက်၍ နိုင်ငံ တော်သြဝါဒါစရိယ စုဒ္ဒသမရွှေကျင် သာသနာပိုင် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ဥတုဇ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုသည်။ 
.
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် အောင်မြေသာစည်၊ ထေရာသနကျောင်း တိုက်တွင်ထားရှိသည့် ဆရာတော်ကြီး၏ဥတုဇ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက်  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဥာဏိဿရအား ဖူးမြော်ကြည်ညို၍ သာသနာ
ရေးဆိုင်ရာများ၊ အန္တိမဈာပနသာဓုကီဠန ပူဇော်ပွဲကျင်းပရေး ဆိုင်ရာများ မေးမြန်းလျှောက်ထား၍ ပူဇော်ပွဲ အတွက်အလှူငွေ များပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကလက်ခံ ရယူသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တာဝန်ရှိသူများ နှင့်ပူဇော်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးသည်။ ယင်းနောက် မှတ်တမ်းစာအုပ်တွင် သာသနာရောင်ဝါ ထွန်းလင်းရေး အတွက် ဘဝတစ် လျှောက်လုံးကြိုးပမ်း ဆောင်ရွက်ခဲ့သော ရွှေကျင် သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားခြင်း အတွက် ကြေကွဲဝမ်းနည်း ကြောင်း မှတ်တမ်းရေးသား လက်မှတ် ရေးထိုးသည်။
.
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အန္တိမဈာပနသာဓုကီဠန ပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ် မည့်အောင်မြေသာစံ မြို့နယ်၊ ဥပုသ်တော် ရပ်ကွက်ရှိ  ရွှေမန်းတောင် အားကစားကွင်းသို့ သွားရောက်၍ လောင်တိုက်တော် ပြင်ဆင်နေမှု နှင့်သံဃာတော်များ၊ ဧည့်ပရိသတ်များ ထားရှိမည့် မဏ္ဍပ်များကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
.
#Themyawadydaily

No comments:

Post a Comment