Pages

Thursday, February 2, 2017

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်သူများက အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီး ၊ သတ်ဖြတ်မှုစာရင်း


နေပြည်တော် ၊ ၂-၂-၂၀၁၇

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများတွင် နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

အကြမ်းဖက် တိုက်ခိုက်သူများမှ အမှန်တရား ဖော်ခြင်း မပြုနိုင်ရန်၊ အကြောက်တရား ကြီးစိုးစေရန်၊ တာဝန်ရှိသူ များနှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ များနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထိ စုစုပေါင်း သေဆုံးသူ ၁၃ ဦးနှင့် ဖမ်းဆီး ပျောက်ဆုံးသူ ရှစ်ဦး တို့ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန် ထားသည်-

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်များ
(၁-၂-၂၀၁၇ ရက်နေ့ထိ )

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်များ
(၁-၂-၂၀၁၇ ရက်နေ့ထိ )

No comments:

Post a Comment