Pages

Wednesday, February 22, 2017

နတ်မြစ်အတွင်း တစ်ဖက်နိုင်ငံသို့ တရားမ၀င်သွားရောက်မည့် လှေတစ်စင်းဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၂-၂-၂၀၁၇

မောင်တောမြို့နယ် နတ်မြစ်အတွင်း ၌ တပ်မတော်(ရေ)မှ နယ်မြေလုံခြုံရေး ကင်းလှည့် ဆောင်ရွက်စဉ် ယမန်နေ့ ညနေပိုင်းက တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်မည့် စက်တပ်လှေငယ် တစ်စင်းအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ နတ်မြစ်အတွင်း၌ ကင်းလှည့် ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂ဝ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်က မသင်္ကာဖွယ်ရာ စက်တပ်လှေငယ် တစ်စင်းအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလှေ ပေါ်တွင် တစ်ဖက်နိုင်ငံ သို့ တရားမဝင် သွားရောက်မည့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ ကိုနီမူလာ ၃၅ နှစ်၊ ခေါင်းတုတ် ကျေးရွာနေ အာမင်နူဟော့ ၁၈ နှစ်၊ ဖက်ကုန်းကျေးရွာနေ စီဒီအာမောက် ၄ဝ နှစ်နှင့် အကီယား ၃၅ နှစ်၊ ဝကန်းကျေး ရွာနေ နာဆဲ ၅၇ နှစ်၊ လှဆောင်ကောက် ကျေးရွာနေ ယာက်မီနာ ၁၆ နှစ်နှင့် နုရာဆီဇာ နှစ်နှစ်၊ စစ်တွေမြို့နယ် သဲချောင်း ကျေးရွာနေ မာမွတ်နုလမ်း ၃၁ နှစ်၊ ပေါက်တော မြို့နယ် အနောက် ရပ်ကွက်နေ လာလူး ၂၆ နှစ်၊ ပုဏ္ဏားကျွန်း မြို့နယ် သံတက်ခါလီ ကျေးရွာနေ ဂျမ်ဟူဆောင် ၄၂ နှစ်၊ သာတီကျေးရွာ နေ ဟာဒီနူလာ ၃၂ နှစ် စုစုပေါင်း ၁၁ ဦးတို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိ သူများအား စစ်တွေမြို့မ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment