Pages

Monday, January 9, 2017

တပ်မတော်စစ်ကြောင်းနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား ၊ အကြမ်းဖက် သောင်းကျန်းသူများထံမှ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၉-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုနောင်ကျေးရွာ ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃ဝ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

ဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်း ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ဟိုနောင်ကျေးရွာ ၏အရှေ့ဘက် ၁ မိုင်ခွဲခန့် အကွာသို့ အရောက်၌ အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက် သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

အဆိုပါဖြစ်စဉ်များ အတွင်း အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အေကေ ၄၇ ကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၃ဝ တောင့်၊ ဗုံးသီးခြောက်လုံး၊ ကျောပိုးအိတ် လေးလုံး၊ ပြောက်ကျား ယူနီဖောင်း နှစ်စုံ၊ TNLA လည်စည်းတစ်ခု၊ ဆန်စလွယ်နှစ်ခု၊ စောင်ထူ သုံးထည်၊ အရပ်ဝတ်နှစ်စုံ၊ ဘက်ထရီအိုး နှစ်လုံး၊ ဒီတိုနေတာ တစ်ခုနှင့် ရေပုံးနှစ်ပုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက ဆက်လက် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၁၁)

No comments:

Post a Comment