Pages

Monday, January 9, 2017

ကွတ်ခိုင်မြို့ ၊ ရပ်ကွက်(၅)ရှိ နေအိမ်မှ ဒေသန္တရလုပ် ရီမုမိုင်းတစ်လုံး တွေ့ရှိရှင်းလင်း



နေပြည်တော် ၊ ၉-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅)ရှိ ဒေါ်မာမွန်း ၏နေအိမ်၌ ဇန်နဝါရီ ၇ ရက် ည ၇ နာရီခွဲခန့်တွင် မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ရှင်းလင်းရာ ဘောစေ့ ၄ဝဝဝ ပါဝင်သည့် စက္ကူဖာတစ်ခု၊ ရီမုဆားကစ်အုံ တစ်ခု၊ လျှပ်စစ်စနက်တံ နှစ်ချောင်း၊ ဝါယာကြိုး တစ်ချောင်းနှင့် ပင်တိုပလပ် ယမ်းပြင်းအမှုန့် တို့ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလုပ် ရီမုမိုင်းတစ်လုံး ဖြစ်ကြောင်း တွေ့ရှိရပြီး အဆိုပါမိုင်းအား ည ၈ နာရီ မိနစ် ၅ဝ ခန့်တွင် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့သည်။

အဆိုပါမိုင်းကို ဒေါ်မာမွန်း ၏နေအိမ်၌ အိမ်ငှားနေထိုင်သူ တစ်ဦးက ၄င်းနေ့ ည ၇ နာရီခန့်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅)၊ ကွတ်ခိုင်-သိန်းနီ ကားလမ်း၏ ၆ ပေခန့်အကွာရှိ အမှိုက်ပုံး အတွင်းမှ တွေ့ရှိ၍ ဘက်ထရီဟု ယူဆသဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment