Pages

Tuesday, January 10, 2017

ပြည်တွင်းရှိ ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၀-၁-၂၀၁၇

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို ယခုနှစ်အတွင်း အဆင့် မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ မော်ဦး ထံမှ သိရသည်။

ထို့ပြင် ယင်းဆေးရုံများ၌ ဆေးပစ္စည်း နှင့် စက်ကိရိယာများ လုံလောက်စွာရှိရေး အတွက် ဆေးပစ္စည်းနှင့် စက်ပစ္စည်း ကိရိယာများ ဝယ်ယူရန် လုပ်ဆောင် သွားမည် ဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါခေါ်ယူ ထားပြီဖြစ်သည်။

''အရေးပေါ် အသက်ကယ်ရမယ့် လူနာတွေကို ထိရောက်စွာ ကုသပေးနိုင်တဲ့ သက်ဆိုင်ရာ ဆေးရုံတွေဆီ လွှဲပြောင်းပေးရမယ့် အချိန်အတွင်းမှာ အသက်သေဆုံးမှု မရှိစေဖို့နဲ့ ကြိုတင်အသက် ကယ်ဆယ်မှုတွေ ပြုလုပ်နိုင်ဖို့ ဆေးရုံ ၇၂ ရုံကို လိုအပ်တဲ့ ဆေးဝါးတွေအပြင် အရေးပေါ်ဌာန ကိုပါ လိုအပ်လာရင် လိုအပ်သလို အဆင့်မြှင့်တင် သွားမှာပါ'' ဟု ဒေါက်တာ မော်ဦး ကပြောသည်။

ထိုသို့ အရေးပေါ်ဌာန များကို အဆင့်မြှင့်တင် ရာတွင် အဓိကအနေဖြင့် လှည်းကူး၊ တောင်ငူ၊ ဖြူး၊ မိတ္ထီလာ အပါအဝင် တခြားမြို့များရှိ ဆေးရုံများကိုလည်း အဆင့်မြှင့်တင် သွားမည် ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်ဌာနများ အပါအဝင် ဌာနတချို့ကို အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည်။

ပြည်တွင်း၌ ဆေးရုံသို့ အချိန်မီ ရောက်မလာသည့် အတွက် သေဆုံးသည့် လူနာဦးရေမှာ တစ်ပတ်လျှင် ၁ဝ ဦးခန့်ရှိကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment