Pages

Tuesday, January 10, 2017

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဒုတိယအကြိမ် ရှေးဟောင်းဂန္ထ၀င်ကားပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၀-၁-၂၀၁၇

မြန်မာနိုင်ငံမှ စုစည်းထားသည့် ရှေးဟောင်း ဂနဝ္ထ င် ကားပြပွဲကို ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ၌ ပြသ သွားမည် ဖြစ်ကြောင်း ပြပွဲကို ဦးဆောင် ကျင်းပမည့် မြန်မာနိုင်ငံ ရှေးဟောင်းကား ချစ်သူများ ကလပ်မှ သိရသည်။

ယခုနှစ်ပြပွဲတွင် စုစုပေါင်း ကားအစီးရေ ၃ဝ ကျော် ပါဝင်ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကားချစ်သူများ စုစည်းထားသည့် ကားများထဲတွင် ရှားပါးစာရင်းဝင် ကားများအဖြစ် သတ်မှတ်ထားသည့် ဒေါ့ဂျစ်၊ ချက်ကာ မာရသွန်၊ ဗဲလန့်၊ ဗီလား၊ အန်ပလာ နှင့် ကယ်ဒီလက်စ် ဒီဗီလာ စသည့်ကားများ ပါဝင်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လက မြန်မာနိုင်ငံ ရှေးဟောင်း ကားချစ်သူများ ကလပ်က ဦးဆောင်ပြီး ရန်ကုန်မြို့၌ ရှားပါးတန်ဖိုးကြီး ကားအစီးရေ ၂ဝ ကျော်ကို ပြသရာ စိတ်ဝင်စားသူ များပြားခဲ့သည်။ ယခု ကျင်းပမည့် ဒုတိယ
အကြိမ်မြောက် ကားပြပွဲတွင် ရှေးဟောင်း ကားများအပြင် ရှေးဟောင်း ပစ္စည်းများနှင့် ပတ်သက်၍ စုဆောင်းထားရှိ သူများလည်း လာရောက်ပြသ နိုင်ပြီး ဝါသနာရှင် အချင်းချင်း လဲလှယ်ရောင်းချ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရှေးဟောင်း တန်ဖိုးကြီး ကားအများစုသည် ပြုပြင် ထိန်းသိမ်းလိုသူ နည်းပါးသဖြင့် အရည်ကျိုခြင်းနှင့် တရုတ်နိုင်ငံသို့ ပြန်လည် ရောင်းချခြင်းများ ပြုလုပ် နေရကာ ဆုံးရှုံးမှုများ ရှိခဲ့သည်။ ယနေ့အထိ ထိန်းသိမ်း ထားသည့် ကားများတွင် အမေရိကန် သံအမတ်ကြီး စီးခဲ့သည့် ချက်ကာမာရသွန်၊ အိန္ဒိယ သံအမတ်ကြီး စီးခဲ့သည့် အန်ပလာနှင့် ပြီးခဲ့သည့် နှစ်ပေါင်း ၈ဝ ကျော်က ကားလောက၌ နာမည်ကြီးသည့် ဒီဆိုတိုမောရင့် ဗဲလန့် ကားများကို မြန်မာနိုင်ငံမှ ကားဝါသနာရှင် များက စုဆောင်းထား ခဲ့ကြကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment