Pages

Thursday, January 12, 2017

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော လျှော်ဖြူများကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်မည်



နေပြည်တော် ၊ ၁၂-၁-၂၀၁၇

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော လျှော်ဖြူများကို ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူ ရေးရာ ဦးစီးဌာန သတင်းများအရ သိရသည်။

ယခင်က လျှော်ဖြူကို လျှော်ကြိုး နှင့် ဆေးကုလားမ အဖြစ်သာ အသုံးပြုနေရာမှ ယခုအခါ နိုင်ငံတကာတွင် စက်မှုလုပ်ငန်း၊ လူသုံးကုန် ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများတွင် ကုန်ကြမ်း ပစ္စည်းအဖြစ် တွင်ကျယ်စွာ အသုံးပြုလာ နေပြီဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာဈေးကွက် များတွင် လျှော်ဖြူ အနေဖြင့် ဈေးကောင်းရ ရှိနေသည့် အရောင်းသွက် ကုန်ပစ္စည်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် လျှော်ဖြူကို မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဖြစ်ထွန်းအောင်မြင် နေပြီး လျှော်ဖြူအသန့် တစ်ပိဿာလျှင် ငွေကျပ် လေးသောင်း၊ လျှော်ဖြူအမျှင် တစ်ပိသာလျှင် ငွေကျပ်ငါးသောင်း ပေါက်ဈေး ရရှိသည်။

လျှော်ဖြူ စိုက်ပျိုးရေး လုပ်ငန်းသည် စတင်စိုက်ပျိုးချိန် မှစ၍ ငါးနှစ်ခန့်ကြာမှ ဝင်ငွေပြန်လည် ရရှိနိုင်သည့် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်သော်လည်း ဝင်ငွေပြန်လည် ရရှိလာသည့်နှစ်တွင် ရင်းနှီးလုပ်ကိုင် ဆောင်ရွက်ခဲ့သည့် ကုန်ကျငွေများကို ပြန်လည်ရရှိ နိုင်သည့် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်သည်။

ထို့ကြောင့် ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ နိုင်ပါက စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ပိုမိုတွက်ခြေ ကိုက်မှုရှိလာမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment