Pages

Thursday, January 12, 2017



နေပြည်တော် ၊ ၁၂-၁-၂၀၁၇

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အင်ကြင်းကျောက် တန်ချိန် သုံးဆယ်ခန့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများ အရ သိရသည်။

အင်းကြင်းကျောက် သည် နိုင်ငံတကာ ဈေးကွက်များတွင် တန်ဖိုးမြင့် တွင်းထွက်ရတနာ အဖြစ် အမြတ်တနိုး ဝယ်ယူနေ ခဲ့ကြသော်လည်း ပြည်တွင်း ဈေးကွက်၌ တွင်ကျယ်မှု မရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံထွက် အင်ကြင်းကျောက် များကို တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ဥရောပနှင့် မကာအို ဈေးကွက်များသို့ တင်ပို့ရောင်းချ လျက်ရှိသည်။ သို့သော်လည်း တရုတ်နိုင်ငံ ဈေးကွက်သို့သာ အားထားတင်ပို့ ရောင်းချပေး နေရခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာ တစ်လအတွင်း တရုတ်နိုင်ငံ သို့ အင်ကြင်းကျောက် တန်ချိန် ငါးဆယ်ကျော် တင်ပို့ပေးခဲ့ရာ ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၄၇ သန်း တန်ဖိုးရှိ အင်ကြင်းကျောက် ရှစ်တန်၊ ဒီဇင်ဘာ ၁ဝ ရက်မှ ၁၇ ရက်အတွင်း အင်ကျောက် ၁၄ တန်ကျော် တင်ပို့ရောင်းချ ပေးခဲ့ရသည်။

ထို့ပြင် ဒီဇင်ဘာလ တတိယပတ် ထဲတွင် တင်ပို့ရောင်းချ ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲတွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၂၃ သန်း တန်ဖိုးရှိ အင်ကြင်းကျောက် ၂၇ တန်ကျော် တင်ပို့ရောင်းချ ပေးခဲ့ရသဖြင့် ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလ အတွင်း အင်ကြင်းကျောက် တန်ချိန် ၅ဝ နီးပါး တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment