Pages

Thursday, January 26, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ပြင်စဘုကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်




နေပြည်တော် ၊ ၂၆-၁-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်း ဒေသများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ဇန်နဝါရီ ၂၄ ရက်နှင့် ယမန်နေ့တို့တွင် ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းရှိ ဒေသခံပြည်သူ ၂၈၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၈၉ ဦး၊ ခွဲစိတ်ရောဂါ ၄၂ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ သားဖွား/မီးယပ် ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၃၇ ဦး၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ ၁ဝ ဦး၊ မျက်စိရောဂါ ၃၃ ဦးနှင့် သွားရောဂါ ငါးဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး အထွေထွေခွဲစိတ်လူနာ ငါးဦးကို ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသ မှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက် လူနာ ၁၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁၉ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၂ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင် ကုသပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment