Pages

Thursday, January 26, 2017

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အား ပြန်လည်လွှဲပြောင်း ပေးအပ်



မောင်တော ၊ ၂၆-၁-၂၀၁၇

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မာမတ်တာရက် အား ယမန်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်း ပေးအပ်သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မအရ ဘူးသီးတောင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံ ခဲ့ပြီး ယမန်နေ့နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် မောင်တောမြို့ အမှတ်(၁) ဝင်/ထွက်စခန်း (POE) ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မောင်တောမြို့နယ် ဦးစီးအရာရှိ ဦးအောင်ကျော်စိန် ဦးဆောင်သော အဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ် (၁၂) နယ်ခြားစောင့်တပ်၊ တက္ကနပ် စခန်းမှူး A bul Russel Siddiqueç addldir ဦးစီးအဖွဲ့ထံ လွှဲပြောင်းပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment