Pages

Friday, January 6, 2017

ငှက်မျိုးစိတ်များ စာရင်းကောက်ရာ ၂၀၁၆ ခုနှစ်တွင် ကောင်ရေ လျော့နည်းလာ



နေပြည်တော် ၊ ၆-၁-၂၀၁၇

မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော အရှေ့ခြမ်း နှင့် အနောက်ခြမ်း ဧရိယာများ၌ ငှက်မျိုးစိတ်စာရင်း ကောက်ယူရာ ၂ဝ၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ၁၆ ခုနှစ် တွင် ငှက်မျိုးစိတ် ကောင်ရေ လျော့နည်းလာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ကောက်နုတ်ချက် များအရ သိရသည်။

အဆိုပါ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာ န် ဘေးမဲ့တော အရှေ့ခြမ်းနှင့် အနောက်ခြမ်း ဧရိယာများ၌ ၂ဝ၁၆ ခုနစ် ဖေဖော်ဝါရီ လအတွင်း သစ်တော ငှက်မျိုးစိတ် ၆၉ မျိုး၊ အကောင်ရေ ၃၉၄၁ ကောင်ခန့်၊ ရေငှက်မျိုးစိတ် ၂၄ မျိုး၊ အကောင်ရေ ၂၄၇၄ ကောင်ခန့်၊ ဆောင်းခို ငှက်မျိုးစိတ် ၂၈ မျိုး၊ အကောင်ရေ ၅၄၉၈ ကောင်ခန့် စုစုပေါင်း မျိုးစိတ် ၁၂၁ မျိုးနှင့် အကောင်ရေ ၁၁၉၁၃ ကောင်ခန့် တွေ့ရှိရကြောင်း၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလက သစ်တော ငှက်မျိုးစိတ် ၁၁၄ မျိုး၊ အကောင်ရေ ၅၁၃၈ ကောင်ခန့်၊ ရေငှက်မျိုးစိတ် ၃ဝ ၊ အကောင်ရေ ၃ဝ၇၂ ကောင်ခန့်၊ ဆောင်းခိုငှက် မျိုးစိတ် ၄၄ မျိုး၊ အကောင်ရေ ၁ဝ၈၂၈ ကောင်ခန့်၊ စုစုပေါင်း မျိုးစိတ် ၁၈၈ မျိုး၊ အကောင်ရေ ၁၉ဝ၃၈ ကောင်ခန့် တွေ့ရှိ၍ မှတ်တမ်းတင် နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ် စာရင်းကောက်ယူမှု အရ ငှက်မျိုးစိတ် နှင့် ကောင်ရေ လျော့နည်း သော်လည်း ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ က ဘေးမဲ့တော ဧရိယာအတွင်း ဆောင်းခိုငှက် မျိုးစိတ်များ ဖြစ်သော နှုတ်သီးကောက် လေးနှင့် နှုတ်သီး ကောက်ကြီး၊ ခရုတုတ်၊ ခရုစုတ် မျိုးစိတ် တို့အပြင် ငါးတီငါး မျိုးစိတ်များ ပေါများချိန်ဖြစ်၍ ငါးစားသော ငှက်မျိုးများ ဖြစ်သည့် ဝန်လို၊ စွန်ပုတ် များနှင့် စင်ရော်ကြီးများ ၂ဝ၁၅ ခုနှစ်၏ အလားတူ ကာလထက် ပိုမိုစွာ ကျရောက်ကျက် စားနေထိုင်မှု တွေ့ရှိရကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ဘေးမဲ့တော ဧရိယာအတွင်း ကျက်စား နေထိုင်သော ဌာနေ ငှက်မျိုးစိတ် နှင့်ဆောင်းခိုငှက် များကို ဘေးကင်း လုံခြုံစွာ ကျက်စား နေထိုင်နိုင်ရေး အတွက် ဒေသခံပြည်သူ များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ကောက်နုတ်ချက် များအရ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment