Pages

Thursday, January 5, 2017

ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာတွင် ပဲနောက်များရိတ်သိမ်းစဉ် ရှေးဟောင်းရတနာပစ္စည်းများ တွေ့ရှိ



ပွင့်ဖြူ ၊ ၅-၁-၂၀၁၇

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကလေး ကျေးရွာ တွင် ဇန်နဝါရီ ၁ ရက်က တောင်သူ ဦးစန်းငွေ ၏ ပဲနောက်စိုက်ခင်းမှ ပဲနောက်များ ရိတ်သိမ်းစဉ် တံစဉ်ဖြင့် ချိတ်ပါလာသော ရှေးဟောင်း ရတနာ ပစ္စည်းများ တူးဖော်တွေ့ရှိ ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

''တူးဖော်ရရှိခဲ့သည့် ပစ္စည်းများမှာ ငွေထည်ပစ္စည်း များဟု ယူဆရသော အရှည် လက်မ ၃ဝ ရှိ အုန်းဆံကြိုး အပွပုံကြိုး တစ်ကုံး၊ အလေးချိန် သုံးကျပ် ငါးပဲသား အရှည် ခြောက်လက်မခန့်ရှိ သံကွင်းဆက် တစ်ခု၊ အလေးချိန် သုံးပဲ ခုနစ်ရွေး အသဲပုံ လက်ကောက် နှစ်ကွင်း အလေးချိန် နှစ်ကျပ်နှစ်ပဲ၊ အဝိုင်းပုံ လက်ကောက် နှစ်ကွင်း အလေးချိန် တစ်ကျပ်တစ်ပဲ၊ အရုပ်ရေးဆွဲ ထားသည့် လက်စွပ်တစ်ကွင်း အလေးချိန် ခြောက်ပဲ၊ မောင်းကွင်းပုံ လက်စွပ် ငါးကွင်း အလေးချိန် ကိုးပဲ၊ ရွှေထည်ဟု ယူဆရသော အချင်း တစ်လက်မ ခန့်ရှိ ကျောက်သုံးလုံး ပါ ဆွဲပြားအဝိုင်း အလေးချိန် ၁၃ ပဲ ခြောက်ရွေးခန့် တို့အား တွေ့ရှိ ရပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ထံတင်ပြ၍ ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment