Pages

▼

Monday, January 2, 2017

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲကျင်းပ



နေပြည်တော် ၊ ၂-၁-၂၀၁၇

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်၊ Myanmar CP Livestock Co., Ltd. နှင့် သာယာဝတီခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲကို သာယာဝတီ မြို့နယ် သဲဖြူကျေးရွာ၌ ယမန်နေ့နံနက် ၇ နာရီတွင် ကျင်းပသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲတွင် အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်ယှဉ်ပြိုင် ကြပြီး ရန်ကုန်-ပြည် လမ်းတစ်လျှောက် သဲဖြူကျေးရွာမှ သာယာဝတီမြို့ အထိ ၁ဝ ကီလိုမီတာ အကွာအဝေး ကို စီးနင်းယှဉ်ပြိုင် ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို သာယာဝတီမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ဆက်လက် ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ပထမ ထက်ဝေလင်း၊ ဒုတိယ အောင်ထက်ပိုင်၊ တတိယ ဇော်မျိုးကို၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ ငြိမ်းပြည့်ဖြိုး၊ ဒုတိယ ငုဝါလှိုင်၊ တတိယ ချစ်မျိုးနှင်း တို့က ရရှိသွားပြီး အဆိုပါဆု များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲကို မျိုးဆက်သစ် စက်ဘီး အားကစား သမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment