Pages

Monday, January 23, 2017

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွား ၄၀ ရာခိုင်နှုန်းသည် အင်တာနက်မှတစ်ဆင့် အချက်အလက်များ ရှာဖွေကာ လာရောက်သူများဖြစ်



ရန်ကုန် ၊ ၂၃-၁-၂၀၁၇

မြန်မာနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်ကြသော ပြည်ပခရီးသွား များအနက် ၄ဝ ရာခိုင်နှုန်းသည် အင်တာနက် မှတစ်ဆင့် သတင်း အချက်အလက်များ ရှာဖွေကာ လာရောက် လည်ပတ်ကြခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဈေးကွက် မြှင့်တင်ရေး ဌာနခွဲ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပြည်ပ ခရီးသွားများသည် အင်တာနက် အသုံးပြု၍ မြန်မာနိုင်ငံ အတွင်းရှိ လည်ပတ်ရန် ကောင်းသောဒေသ များကို ရွေးချယ်ကာ လာရောက် လည်ပတ်ခြင်း ဖြစ်ရာ ဈေးကွက် မြှင့်တင်ပြီး နိုင်ငံတကာမှ သိရှိလာအောင် အွန်လိုင်း အခြေပြုသော ပြည်ပ ခရီးသွားများ ဆွဲဆောင်မည့် အစီအစဉ်များ တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည် များကို စစ်တမ်း ကောက်ယူရာတွင် တစ်ဆင့်စကား တစ်ဆင့်ကြားကာ လာရောက်သူ ၁ဝ ရာခိုင်နှုန်းရှိပြီး Tour Operator များမှတစ်ဆင့် လာရောက်သူ များနှင့် လမ်းညွှန်စာအုပ် များမှတစ်ဆင့် လာရောက်ကြ သူများသည် ၂၅ ရာခိုင်နှုန်းစီ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု နည်းပါးနေရာ နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံကို သိရှိမှု ပိုမိုတိုးတက် လာစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေပြီး အွန်လိုင်းစနစ် အသုံးပြု၍ ဆောင်ရွက်မှုကို တိုးမြှင့်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ခရီးသွားဒေသ များကို ကမ္ဘာမှ သိရှိစေရန် Fun Trip များစီစဉ်၍ နိုင်ငံတကာ မီဒီယာများနှင့် Tour Operator များဖိတ်ခေါ်ကာ ပြသလျက် ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဖော်ဆောင်လျက် ရှိသော ခရီးသွားဒေသ အသစ်များနှင့် သဘာဝ အခြေခံသော ခရီးသွား လုပ်ငန်းများကို နိုင်ငံတကာမှ သိရှိစေရန် ခရီးသွားပြပွဲများ တိုးမြှင့်ပြသ ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment