Pages

Thursday, December 1, 2016

ရိက္ခာများပို့ဆောင်ရန် ထွက်ခွာလာသော တပ်မတော်ယာဉ်တန်းအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက တံတားမိုင်းခွဲဖျက်ဆီးပြီး တိုက်ခိုက်


KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သည့် 
စွန်လုံတံတားကို တွေ့ရစဉ်


နေပြည်တော် ၊ ၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရန် လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ အတွက် ရိက္ခာများ ပို့ဆောင်ရန် ကွတ်ခိုင်မှ ထွက်ခွာ လာသော တပ်မတော် ယာဉ်တန်းသည် နိုဝင်ဘာ ၃ဝ ရက် နံနက် ၃ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ စွန်လုံကျေးရွာ အနီးရှိ စွန်လုံတံတားသို့ ရောက်ရှိစဉ် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၃ဝ ဦးခန့်က စွန်လုံတံတား အား မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး ၍ တပ်မတော် ယာဉ်တန်းအား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ပြန်လည်တိုက်ခိုက် ခဲ့ရာ ရန်သူများ နံနက် ၆ နာရီ ၁ဝ မိနစ်ခန့်တွင် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် ရန်သူထံမှ RPG သေနတ်တစ်လက်၊ ၄င်းဗုံးသီး တစ်လုံး၊ အမ် ၂၂ ကျည်အိမ်တစ်ခုနှင့် အမ် ၂၂ ကျည် ၃ဝ တောင့် သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းမှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၄င်းအကြမ်းဖက် သောင်းကျန်းသူ များ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် စွန်လုံတံတား၏ တံတားကြမ်းခင်း ၁ဝ ပေခန့် ပေါက်ထွက် ပျက်စီးခဲ့ပြီး တံတားလက်ရန်း ၁ဝ ပေခန့်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။ 

ရန်သူဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment