Pages

Friday, December 2, 2016

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းတိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး သေဆုံး ၊ နှစ်ဦးဒဏ်ရာရရှိ


နယ်မြေခံတပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူများက မိုင်းစထိမှန် ဒဏ်ရာရရှိသူများကို
 ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၂-၁၂-၂၀၁၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံကဘာ ကျေးရွာနေ မောင်စီစီလဒွဲ၊ မောင်စီစီအောင် နန်ဒွန်း နှင့် မောင်စီစီဂျီးနောင် တို့ သုံးဦးသည် နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကျရီချောင်းဖျား သို့ ငါးရှာရန် သွားရောက်စဉ် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော တိုက်မိုင်း တစ်လုံးအား မောင်စီစီဂျီးနောင် မှ တိုက်မိ ပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် မောင်စီစီဂျီးနောင် မှာ မိုင်းစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး မောင်စီစီလဒွဲ နှင့် မောင်စီစီအောင် နန်ဒွန်း တို့မှာ ဘယ်၊ ညာ ခြေသလုံးများတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ဆေးကုသမှု ခံယူ စေခဲ့သည်။ 

အဆိုပါမိုင်းထိ လူနာများအား နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment