Pages

Friday, December 2, 2016

မူဆယ်မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်



နေပြည်တော် ၊ ၂-၁၂-၂၀၁၆

မူဆယ်မြို့ရှိ ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုက်ပွဲရှောင် စခန်းနှစ်ခုမှ ကျန်ရှိ နေသေးသော ပြည်သူများအတွက် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ၊ စေတနာရှင် များက ယနေ့နံနက် ၁၁ နာရီတွင် အလှူငွေ၊ စားသောက်ကုန် နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စိန့်ပီတာ ဘုရားကျောင်းမှ တိုက်ပွဲရှောင် ပြည်သူ ၄၄ ဦးနှင့် စွမ်စော်ရပ်ကွက်ရှိ ဘုရားရှိခိုးကျောင်း မှ တိုက်ပွဲရှောင်ပြည်သူ ၁၃၅ ဦးတို့ အတွက် ပြည်နယ်အစိုးရ က ဆန် ၁၅ အိတ်၊ ခေါက်ဆွဲခြောက် ဖာ ၂ဝ ၊ စေတနာရှင် များက ခြုံစောင် ၃ဝ၊ အနွေးထည် ၂ဝ၊ အဝတ်အထည် သုံးထုပ်၊ ခေါက်ဆွဲခြောက် ငါးဖာနှင့် ငွေကျပ်လေးသိန်း တို့အား ထောက်ပံ့လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment