Pages

Thursday, December 1, 2016

KIA ၊ TNLA ၊ MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက်မှ တစ်ဦးအား သေဆုံးလျက် တွေ့ရှိ


နေပြည်တော် ၊ ၁-၁၂-၂၀၁၆

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်း ကျေးရွာအနီးရှိ ဟိုင်းဝေးတိုးဂိတ်မှ ဝန်ထမ်းသုံးဦးအား KIA ၊ TNLA ၊ MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ များမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့မှုအနက် တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း တစ်ဦးမှာ သေဆုံးလျက် တွေ့ရှိရပြီး ကျန်တစ်ဦးမှာ စုံစမ်းရှာဖွေဆဲ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

KIA ၊ TNLA ၊ MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် အော်ရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ဝန်ထမ်း သုံးဦးအနက် ကျော်ဇင်ဦးမှာ ယင်းနေ့တွင် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဦးတင့်နိုင် မှာ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက နမ့်ဖတ်လွန်း ကျေးရွာအနီးရှိ တောစပ်၌ ယာလည်ပင်း မှ ဦးခေါင်းအထိ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ နောက်ကျော ခါးရိုးမှ ဗိုက်အထိ 

ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက် တို့ဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်းနှင့် ကျန်တစ်ဦးအား ဆက်လက်စုံစမ်း ရှာဖွေလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment