Pages

Wednesday, December 21, 2016

ရန်ကုန်မြို့၌ စက်သုံးဆီအရောင်းဆိုင် ပုဂ္ဂလိကပိုင် ၁၄၈ ဆိုင်နှင့် နိုင်ငံပိုင်သုံးဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိ



ရန်ကုန် ၊ ၂၁-၁၂-၂၀၁၆

ရန်ကုန်မြို့၌ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၁၄၈ ဆိုင်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြု ထားပြီး နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် သုံးဆိုင်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်သည် နေပြည်တော်၌ တစ်ဆိုင်၊ ရန်ကုန်တိုင်း ဒေသကြီး၌ သုံးဆိုင်၊ မန္တလေးတိုင်း ဒေသကြီး၌ နှစ်ဆိုင်၊ ပဲခူးတိုင်း ဒေသကြီး၌ နှစ်ဆိုင်၊ကယားပြည်နယ်၌ တစ်ဆိုင်၊ ကရင်ပြည်နယ်၌ တစ်ဆိုင်၊ ချင်းပြည်နယ်၌ တစ်ဆိုင်နှင့် ရှမ်းပြည်နယ် ၌ တစ်ဆိုင် ဖွင့်လှစ် ရောင်းချလျက် ရှိသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်း (MPTA) မှတစ်ဆင့် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို သင့်လျော်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်စေ ရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် များမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်ချထား ပေးမှုတွင် နေပြည်တော်၌ ၇၂ ဆိုင်၊ ရန်ကုန်တိုင်း ဒေသကြီး၌ ၁၄၈ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီး၌ ၅၁၁ ဆိုင်၊ ဧရာဝတီတိုင်း ဒေသကြီး၌ ၂ဝ၆ ဆိုင်၊ ပဲခူးတိုင်း ဒေသကြီး၌ ၂၁၇ ဆိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၁၃၆ ဆိုင်၊ မကွေးတိုင်း ဒေသကြီး၌ ၁၃၃ ဆိုင်၊ တနင်္သာရီတိုင်း ဒေသကြီး၌ ၁၆ ဆိုင်၊ ကချင်ပြည်နယ်၌ ၇၂ ဆိုင်၊ ကယားပြည်နယ်၌ ၁၃ ဆိုင်၊ ကရင်ပြည်နယ် ၌ ၃၂ ဆိုင်၊ ချင်းပြည်နယ်၌ တစ်ဆိုင်၊ မွန်ပြည်နယ် ၌ ၉၄ ဆိုင်၊ ရခိုင်ပြည်နယ် ၌ ၃၃ ဆိုင်နှင့် ရှမ်းပြည်နယ် ၌ ဆိုင် ၃၂ဝ ခွင့်ပြုပေး ထားကြောင်း၊ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ အပြင် ပုဂ္ဂလိက စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးရေး စခန်း ခြောက်ခု၊ ရေယာဉ်များသို့ စက်သုံးဆီ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် ၁၄ ခုနှင့် လေယာဉ်ဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် ၁၃ ခုကို ခွင့်ပြုပေး လိုက်ပြီး ဖြစ်ကြောင်း သိရသည်။ 

(စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment