Pages

Sunday, December 4, 2016

ဖားကန့်မြို့နယ် ၊ ဆန်ခါကျေးရွာရှိ ကျောက်မျက်ကုမ္ပဏီအား ရေမဆေးကျောက် ရှာဖွေသူများက ၀င်ရောက်ဖျက်ဆီးခဲ့ ၊ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်လျက်ရှိ


နေပြည်တော် ၊ ၄-၁၂-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ ကုမ္ပဏီတစ်ခုအား KIA အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်ကိုင် ခြိမ်းခြောက်၍ ဝင်စီးထားကြောင်း၊ အလုပ်သမား များအား ဖမ်းဆီး ထားပြီး ၄င်းတို့၏ လက်ကိုင်ဖုန်းများ၊ လမ်းလျှောက် စကားပြောစက် များအား သိမ်းဆည်း ထားကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ လင်းလက်ဝင်း ကုမ္ပဏီလုပ်ကွက် သို့ ယမန်နေ့နံနက် ၁ဝ နာရီခန့်တွင်ေ ရာက်ရှိစဉ် တပ်မတော် စစ်ကြောင်းအား လုပ်ကွက်အတွင်း ကျူးကျော် ဝင်ရောက် နေသည့် ရေမဆေးကျောက ရှာဖွေသူ အင်အား ၁ဝဝ ဦးခန့်က ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် စစ်သည်တစ်ဦးက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ရေနံချောင်းမြို့၊ ခေတ္တကုဋေ ကျေးရွာနေ သိန်းစိုး ဆိုသူမှာ ကျည်ထိမှန် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေမဆေးကျောက် ရှာဖွေသူ အင်အား ၅ဝဝ ဦးခန့်က ယမန်နေ့ နေ့လယ်ပိုင်းတွင် လင်းလက်ဝင်း ကုမ္ပဏီ အတွင်းရှိ ဘက်ဟိုးသုံးစီး၊ ကျောက်ဖောက်စက် တစ်စီး၊ မော်တော်ဆိုင်ကယ် သုံးစီးနှင့် မြေသယ်ယာဉ် နှစ်စီးတို့၏ မှန်များ ရိုက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း နှင့် ဆီတိုင်ကီများ ဖောက်ခြင်းများ ဆောင်ရွက်လျက် ရှိသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက တည်ငြိမ် အေးချမ်းစေရန် ထိန်းသိမ်းလျက် ရှိကြောင်း သိရှိရသည်။

ကျည်ထိမှန် သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment