Pages

Tuesday, December 6, 2016

တောင်ဝင်ရိုးစွန်းရှိ အန္တာတိကဒေသတွင် ဆန်းကြယ်သော လျှပ်စစ်တိမ်ပြာများ အချိန်စော၍ ထွက်ပေါ်လာ



ဝါရှင်တန် ၊ ၆-၁၂-၂၀၁၆

တောင်ဝင်ရိုးစွန်းရှိ အန္တာတိက ဒေသတွင် နှစ်စဉ်လိုလို ညအချိန်တွင် ဆန်းကြယ်သော လျှပ်စစ်တိမ်ပြာများ ဖြစ်ထွန်းလေ့ ရှိရာ ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ၄င်း တိမ်ပြာများ အချိန်စော၍ ထွက်ပေါ် လာခဲ့ကြောင်း NASA သုတေသီ များက ပြောပြသည်။

နှစ်စဉ်နှစ်တိုင်း အန္တာတိက ဒေသ၏ အထက် ကောင်းကင်ယံတွင် ဆန်းကြယ်သည့် တိမ်အပြာရောင် ကြီးများ ဖြစ်ပေါ်လာလေ့ ရှိကြောင်း၊ နေရောင်ခြည်က ထူထပ်သည့် ရေခဲ ပုံဆောင်ခဲ များကို ထိုးဖောက်ပြီး ဝင်ရောက် လာချိန်တွင် အလွန် ဆန်းကြယ်သည့် အပြာရောင် အလင်းရောင်များ ထွက်ပေါ်လာ ခြင်းဖြစ်ပြီး ၄င်း အလင်းရောင်ကို အာကာသမှ ရှင်းလင်းစွာ မြင်တွေ့ ရကြောင်း သိရသည်။

''အဲဒီတိမ်ပြာကြီး တွေဟာ ဒီနှစ်မှာ ခါတိုင်းနှစ် တွေထက် နှစ်ပတ်စောပြီး ထွက်ပေါ်လာခဲ့ ပါတယ်။ သဘာဝ ဖြစ်စဉ်ကြီး တစ်ခု အခုလို စောသွားတာ ဘာကြောင့်လဲ ဆိုတာကို ကျွန်တော်တို့ အဖြေရှာနေဆဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့  Noctilucent လို့ ခေါ်ပါတယ်။ ညအချိန်မှာ ထွန်းလင်းတောက်ပ တာပေါ့။ အခုလို အချိန်စော သွားတာက ရာသီဥတု ပြောင်းလဲမှု ကြောင့် အဓိက ဖြစ်နိုင်ပါတယ်'' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

NASA က ဖော်ပြပါ လျှပ်စစ် တိမ်ပြာများကို AIM အာကာသယာဉ်ဖြင့် ခြေရာခံခဲ့ကြောင်း၊ ၄င်းတိမ်ပြာများ ရွေ့လျားသွားသည့် အတိုင်း နောက်ယောင်ခံ ခဲ့ကြောင်း၊ ၄င်းတိမ်ပြာများကို ကမ္ဘာ၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်း နှစ်ခုလုံး၌ တွေ့ရကြောင်း၊ သို့သော် အန္တာတိက ဒေသပေါ်တွင် အပြာရောင် တိမ်တိုက်ကြီး သည် နိုဝင်ဘာ နှင့် ဒီဇင်ဘာလ တို့တွင် ဖြစ်ပေါ်လေ့ ရှိသည် မှန်သော်လည်း ထိုနှစ်တွင် အချိန်စောစီးစွာ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment