Pages

Tuesday, December 6, 2016

ဆေးခြောက်အဆီ ကို ထုတ်ယူ၍ ၀က်ရူးပြန်ကြောင့် တက်ခြင်းကို ကာကွယ်မည့်ဆေးထုတ်ရန် ကြိုးပမ်း



နယူးယောက် ၊ ၆-၁၂-၂၀၁၆

ပြင်းထန်သော ဝက်ရူးပြန် ရောဂါကြောင့် တက်ခြင်းကို ကာကွယ် ပေးနိုင်မည့် ဆေးတစ်မျိုးကို ဆေးခြောက်မှ ထုတ်ယူရရှိသော အဆီကို အသုံးပြု၍ ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိကြောင်းနှင့် ဆေးခြောက်မှ ရရှိသည့် အဆီအနှစ် များကို အသုံးပြုခြင်း ဖြစ်သော်လည်း ဆေးခြောက်ကဲ့သို့ စိတ်ကိုပြောင်းလဲ စေသည့် အာနိသင် ရှိမည်မဟုတ်ကြောင်း အမေရိကန် သုတေသီများက ပြောပြသည်။

ဆေးခြောက်တွင် တွေ့ရလေ့ရှိသော ကန်နာဘီဒီရောလ် (CBD) ဓာတုပစ္စည်းကို ပြန်လည်သန့်စင်ကာ ရရှိသော အရည်ဖြင့်ပြုလုပ် ထားသော ဆေးဖြစ်ကြောင်း၊ CBD သည် ဦးနှောက်အပေါ် အကျိုး သက်ရောက်မှု ရှိသော်လည်း စိတ်ကိုပြောင်းလဲ စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဝက်ရူးပြန်လျှင် တက်သည့် ဝေဒနာကို ကာကွယ်လျှော့ချ ပေးနိုင်မည် ဖြစ်သော်လည်း ဆေးခြောက် သုံးစွဲသည့် အတိုင်း စိတ်ကို ပြောင်းလဲစေကာ မူးယစ်ထုံထိုင်း စေမည် မဟုတ်ကြောင်း သိရသည်။

သုတေသီများက တစ်လအတွင်း လေးကြိမ်ထက် မနည်း တက်ခဲ့သည့် ဝက်ရူးပြန် ဝေဒနာရှင် ကလေးငယ် ဦးရေ ၁၂ဝ ထက်မနည်းကို လေ့လာဆန်းစစ် ခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့အား CBD ဆေးကို တစ်ရက် နှစ်ကြိမ်နှုန်း ဖြင့် ၁၄ ပတ်ထက် မနည်း တိုက်ကျွေး ခဲ့ကြောင်း၊ ထိုအခါ ၄င်း ကလေးငယ်များ၏ ဝက်ရူးပြန်ပြီး တက်သည့် ဝေဒနာသည် မူလ ကထက် ၃၉ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုတစ်ကြိမ် စမ်းသပ်ခဲ့သော ဝက်ရူးပြန်ရောဂါ အမျိုးအစားသည် Dravet အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment