Pages

Thursday, December 22, 2016

(၃၅)ကြိမ်မြောက် ပြည်တွင်းပုလဲ ရောင်းချပွဲကျင်းပ



နေပြည်တော် ၊ ၂၂-၁၂-၂၀၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ (၃၅) ကြိမ်မြောက် ပြည်တွင်းပုလဲ ရောင်းချပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော် မြန်မာ့ ကျောက်မျက် ရတနာပြတိုက် ရတနာဈေးထပ်၌ ကျင်းပသည်။

ပြည်တွင်း၌ ကျပ်ငွေဖြင့် ပုလဲရောင်းချပွဲ များကို ၁၉၉၃ ခုနှစ်မှ စတင် ရောင်းချခဲ့ပြီး ယမန်နေ့အထိ ၃၄ ပွဲရောင်းချခဲ့ရာ နိုင်ငံတော်ဝင်ငွေ ငွေကျပ် ၁၁ဝ၈၉ သန်းရရှိခဲ့ပြီး ဖြစ်သည်။ နေပြည်တော်၌ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တွင် (၂၈) ကြိမ်မြောက် ပြည်တွင်းပုလဲ ရောင်းချပွဲ စတင်ရောင်းချ ခဲ့ရာ ယခု (၃၅) ကြိမ်မြောက်ပွဲ အပါအဝင် စုစုပေါင်း ရှစ်ပွဲကျင်းပခဲ့ပြီး ဖြစ်သည်။

(၃၃) ကြိမ်မြောက် ပုလဲရောင်းချပွဲ တွင် ပြည်တွင်း ပုလဲကုန်သည် ၇၅ ဦး တက်ရောက်ဝယ်ယူ ခဲ့ပြီး ပုလဲ ရောင်းရငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၂၇ဝ၈ သန်း ရရှိခဲ့သည်။ (၃၄) ကြိမ်မြောက် ပုလဲ ရောင်းချပွဲတွင် ပြည်တွင်းမှ ပုလဲ ကုန်သည် ၈ဝ ဦး တက်ရောက်ဝယ်ယူ ခဲ့ကြပြီး ပုလဲ ရောင်းရငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၄၂၃၇ သန်း ရရှိခဲ့သည်။

(၃၅) ကြိမ်မြောက် ပြည်တွင်းပုလဲ ရောင်းချပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် နိုင်ငံပိုင် ပုလဲအလုံးရေ ၈၄၈၅၁ လုံး၊ အလေးချိန် ၅၆၂၈၆ ဒသမ ၈၅ မိုမီ၊ တန်ဖိုးငွေကျပ် ၈၅၆ သန်း၊ ပြည်တွင်းပြည်ပ ပုလဲကုမ္ပဏီ သုံးခုမှ တင်ပြ  ရောင်းချသော ပုလဲ အလုံးရေ ၄၂၅၅၆ လုံး၊ အလေးချိန် ၂၄၄ဝဝ ဒသမ ၂ဝ မိုမီ၊ တန်ဖိုး ငွေကျပ် ၈၅၂ သန်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် ပြည်တွင်း၌ ကျပ်ငွေဖြင့် လည်းကောင်း၊ နိုင်ငံခြားငွေဖြင့် လည်းကောင်း ပုလဲရောင်းချပွဲ စုစုပေါင်း ၁၂၁ ပွဲမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁ဝ၇ သန်း၊ ယူရိုငွေ သန်းပေါင်း ၃၄ သန်း၊ FEC သုည ဒသမ ၂ သန်း၊ ကျပ်ငွေ သန်းပေါင်း ၁၁ဝ၈၉ သန်းကို နိုင်ငံတော် ဝင်ငွေအဖြစ် ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment