Pages

Monday, December 19, 2016

မြန်မာနိုင်ငံမှ ပယင်းကျောက်များကို ပြည်ပက ၀ယ်ယူရန်ကမ်းလှမ်း


The amber sample, from a mine in Myanmar, had already been partially shaped into an oval by a jewelry maker. 
(First Dinosaur Tail Found Preserved in Amber)



ရန်ကုန် ၊ ၁၉-၁၂-၂၀၁၆

လွန်ခဲ့သော နှစ်ပေါင်း ၉၉ သန်းကျော် က ဒိုင်နိုဆော တစ်ကောင်၏ အမြီးကို မြန်မာနိုင်ငံထွက် ပယင်းကျောက် ထဲ၌ တွေ့ရှိခဲ့ရသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက် မြန်မာနိုင်ငံမှ ပယင်းကျောက်များ ကို ပြည်ပနိုင်ငံ များက ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိလာကြောင်း ပယင်းကျောက် အချောထည် ဈေးကွက်မှ သိရသည်။

''ပယင်းကျောက် အချောထည် ပစ္စည်းတွေက တရုတ်ဈေးကွက် ကိုပဲ ဝင်တာပါ။ အခု အိန္ဒိယနဲ့ ထိုင်းနိုင်ငံ တွေကလည်း မြန်မာ့ ပယင်းကျောက်ကို စိတ်ဝင်စားမှု ပိုများလာပြီး ဝယ်ယူဖို့ ကမ်းလှမ်းလာကြ ပါတယ်'' ဟု မန္တလေးမြို့မှ ပယင်းကျောက် အချောထည် ရောင်းချသူ ဦးမြအောင် က ပြောသည်။

တရုတ်နိုင်ငံ ဘူမိသိပ္ပံ တက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် လီဒါရှင်း က မက်မွန်သီးခြောက် အရွယ်ရှိသည့် အဆိုပါ ပယင်းကျောက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပယင်း အရောင်းအဝယ် ဈေးကွက် တစ်ခု၌ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၄င်းဝယ်ယူ ခဲ့သည့် ပယင်းထဲမှ တွေ့ရှိရသည့် အရာကို ဗြိတိန်နှင့် ကနေဒါ တက္ကသိုလ်တို့ရှိ ပညာရှင် များက သုတေသန ပြုလုပ်ပြီးနောက် အရွယ် အစားသေးငယ်သည့် ဒိုင်နိုဆော တစ်ကောင်၏ အမြီးပိုင်း ဖြစ်သည်ဟု အတည်ပြုခဲ့သည်။

အဆိုပါ သတင်းကို နိုင်ငံတကာသို့ ဖြန့်ချိသော Current Biology မဂ္ဂဇင်းနှင့် ကမ္ဘာကျော် National Geographic မဂ္ဂဇင်းကြီး၏ ဝက်ဘ်ဆိုက် စာမျက်နှာများ၌ ဖော်ပြ ထားခြင်းကြောင့် ကျော်ကြား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment