Pages

Monday, December 5, 2016

အင်းလေးဟိုတယ်ဇုန် ၀င်ကြေးကို မြန်မာကျင်ငွေအစား အမေရိကန်ဒေါ်လာ ဖြင့် ပြောင်းလဲ ကောက်ခံမည့် အစီအစဉ် ပြန်လည်ညှိနှိုင်းပေးမည်



ရန်ကုန် ၊ ၅-၁၂-၂၀၁၆

ဒီဇင်ဘာ ၁ဝ ရက်မှစ၍ အင်းလေး ဟိုတယ်ဇုန် ဝင်ကြေးကို မြန်မာကျပ်ငွေ ဖြင့် ကောက်ခံနေရာမှ အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲ ကောက်ခံမည့် အစီအစဉ်ကို ခရီးသွား လုပ်ငန်းများအဆင်ပြေစေရန် ပြန်လည် ညှိနှိုင်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (တောင်ကြီးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင် ထံမှ သိရသည်။

လက်ရှိတွင် အင်းလေးဇုန် ဝင်ကြေးကို မြန်မာငွေကျပ် ၁၂၅ဝဝ ကောက်ခံ နေရာမှ ဒီဇင်ဘာ ၁ဝ ရက်မှစ၍ အမေရိကန် ဒေါ်လာ ၁ဝ သို့ ပြောင်းလဲ ကောက်ခံမည် ဖြစ်ပြီး ဇုန်ဝင်ကြေး ကောက်ခံခြင်းကို တာဝန်ယူ ဆောင်ရွက် နေသည့် Myo Group ကုမ္ပဏီက နိုဝင်ဘာ လကုန်တွင် သတင်း ထုတ်ပြန်ခဲ့ရာ ရက်အနည်းငယ်သာ ကြိုတင် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''တကယ်ဆို ပြောင်းလဲ ကောက်ခံမယ့် နှုန်းကို အနည်းဆုံး တစ်လ သို့မဟုတ် ခြောက်လလောက် ကြိုပြီး အကြောင်းကြား သင့်ပါတယ်။ အခုလို ရုတ်တရက်ကြီး ဇုန်ဝင်ကြေး ပြောင်းလဲ ကောက်ခံလိုက်တဲ့ အတွက် ခရီးသွား လုပ်ငန်းရှင်တွေက ခရီးစဉ် တွေကို ကြိုရောင်းထားကြ တာဆိုတော့ အခက်အခဲတွေ ရှိနိုင်လို့ ညှိနှိုင်းမှုတွေ လုပ်ပေး သွားဖို့ရှိပါတယ်။ အခုလို ပြောင်းကောက် တော့ ရက်အနည်းငယ် နောက်ဆုတ် ပေးတာ မျိုးဖြစ်ဖြစ် ပြန်ပြီးညှိနှိုင်း သွားဖို့ရှိပါတယ်။ တချို့က ဒေါ်လာ ပါမသွားတာတွေ၊ ခရီးသည်တွေကို ပြန်ရှင်းပြ ရတာတွေလည်း ရှိသေးတယ်'' ဟု ဦးဇော်ဌေးအောင် က ပြောသည်။

အင်းလေး ဟိုတယ်ဇုန် ဝင်ကြေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ က ဒေါ်လာဈေး ကျဆင်းနေ၍ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည်ဟု ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွက် ဝင်ကြေး ကောက်ခံမှုကို တာဝန်ယူ ဆောင်ရွက်သည့် ကုမ္ပဏီက သတင်းထုတ်ပြန် ခဲ့ပြီး လက်ရှိတွင် ဒေါ်လာဈေးနှုန်းများ ပြန်လည်မြင့် တက်လာသဖြင့် အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ် ဆောင်ရွက်နေ ကြခြင်းဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် များထံမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment