Pages

Thursday, November 3, 2016

UWSA " ၀ " အဖွဲ့၏ လူသစ်စုဆောင်းမှုအား မလုပ်ကိုင်လိုသဖြင့် ဒေသခံပြည်သူများ တိမ်းရှောင်



နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့၊ ကိန်ကလာ ကျေးရွာရှိ ဒေသခံပြည်သူ ဦးကျနူး ဦးစီး မိသားစုဝင် နှစ်ဦးဖြစ်သည့် ဇနီး ဒေါ်နာလာ နှင့် သားဖြစ်သူ မောင်ယုဟန် တို့သည် အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီခန့်တွင် UWSA ''ဝ'' အဖွဲ့၏ လူသစ် စုဆောင်းမှုအား မလုပ်ကိုင် လိုသဖြင့် မိုင်းခတ်မြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ယမ်းမိုင်ရွာသို့ တိမ်းရှောင် ရောက်ရှိ လာခဲ့သည်။

အဆိုပါ တိမ်းရှောင် လာသည့် ဒေသခံ ပြည်သူများ၏ ပြောကြားချက် အရ အောက်တိုဘာ ၂၅ ရက်တွင် ကိန်ကလာ ကျေးရွာ ရွာသူကြီး ဦးကြာရိုး မှ သားဖြစ်သူ ယုဟန်အား UWSA ''ဝ'' အဖွဲ့တွင် စစ်မှုထမ်းဆောင် ရမည်ဟု လာရောက်ပြောကြား ခဲ့ရာ မလုပ်ကိုင် လိုသောကြောင့် ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

တိမ်းရှောင် ရောက်ရှိလာသည့် ဒေသခံ ပြည်သူများအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် နယ်မြေခံတပ်မှ တာဝန်ရှိသူ များက သွားရောက် တွေ့ဆုံ၍ ထောက်ပံ့ငွေ နှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment