Pages

Tuesday, November 29, 2016

ဖမ်းဆီးရမိ KIA အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦး ၊ ၄င်းတို့ ထောင်ထားသော တိုက်မိုင်းအား သက်မဲ့ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား


နေပြည်တော် ၊ ၂၉-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီးရမိ ခဲ့သည့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့် ရှိ ခါးလီနှင့် ဒွတ်လာ တို့နှစ်ဦးအား စိစစ်မေးမြန်းရာ တိုက်မိုင်းနှစ်လုံး ထောင်ထားကြောင်း သိရှိရသည်။

အများပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေးအတွက် မိုင်းထောင် ထားသော နေရာကို အသေးစိတ် စစ်ဆေးမေးမြန်းရာ ၄င်းမိုင်းနှစ်လုံးမှာ လဘန်ကထောင် ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ဖြစ်ကြောင်း နှင့် ၄င်းတို့ကိုယ်တိုင် ဖော်ယူ သက်မဲ့ပြုလုပ် ပေးမည်ဖြစ်ကြောင်း ပြောကြားသဖြင့် နိုဝင်ဘာ ၂၇ ရက် ညပိုင်းတွင် အဆိုပါ တိုက်မိုင်းများအား သက်မဲ့ပြုလုပ် စေခဲ့ရာ တိုက်မိုင်းကြိုးအား တိုက်မိပေါက်ကွဲ ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦးစလုံး မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment