Pages

Friday, November 25, 2016

လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက KIA ၊ TNLA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲ သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်က နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွာ အုပ်စု ဟိုနားကျေးရွာ မှ ဦးပီကိုင်းရှော့ နှင့် ၄င်း၏သားများ ဖြစ်သော ပီကျုံးကိုင်း နှင့် ပီကပ်စော တို့သည် နေအိမ်၌ရှိစဉ်  KIA ၊ TNLA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ဆန် နေအိမ်ခေါင်မိုးပေါ် ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ဦးပီကိုင်းရှော့ နှင့် ပီကပ်စော တို့သေဆုံးခဲ့ပြီး ပီကျုံးကိုင်း မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ပီကျုံးကိုင်း အား ကောင်းကပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့က နမ့်ခမ်း ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးပြီး ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment