Pages

Tuesday, November 1, 2016

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများတွင် ပါဝင်ပတ်သက်ခဲ့သူ များနှင့် ကူညီခဲ့သူများအား ဖမ်းဆီးရမိ




နေပြည်တော် ၊ ၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မင်္ဂလာကြီး ကျေးရွာအုပ်စု၊ သာစည် ကျေးရွာနေ ကော်ရီမူလာ (ဘ) ဇော်ဟိရ်အာမက် နှင့် မင်္ဂလာကြီး ကျေးရွာနေ ဘာဘက်စ် (ဘ) ဆော်လာတူလာ တို့သည် တစ်ဖက်နိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီများအား တစ်ဦးလျှင် တစ်သိန်းကျပ်ဖြင့် ပြင်ဖြူချောင်းဝ နှင့် မင်္ဂလာကြီး ချောင်းဝတို့မှ လှေဖြင့်ပို့ဆောင် ပေးလျက်ရှိပြီး ထိုသို့ပို့ဆောင် ပေးနေသူများ ထဲတွင် အကြမ်းဖက် တိုက်ခိုက်မှု များ၌ ပါဝင်ခဲ့သူများ ပါရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ၄င်းတို့ နှစ်ဦးအား တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ က ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သာစည်ကျေးရွာ နှင့် မင်္ဂလာကြီးေ ကျးရွာတို့ရှိ ၄င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ အောက်တိုဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု များတွင် ပါဝင် ပတ်သက်မှု ရှိသည်ဟု ယူဆရသူ နူရ်အာလောင် (ဘ) အဒူကော်ရိမ်ကို အောက်တိုဘာ ၃ဝ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဘူးသီးတောင် မြို့မဈေး အနီး၌ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ များကို တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် ပြင်ဖြူနယ်မြေ ရဲစခန်းနှင့် မောင်တောမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment