Pages

Tuesday, November 1, 2016

မောင်တောမြို့နယ် ၊ ငါးခူရ (ဘင်္ဂါလီ) ကျေးရွာ၌ ဈေးဆိုင်ခန်းတစ်ခုမှ စတင်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား




နေပြည်တော် ၊ ၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူရ (ဘင်္ဂါလီ) ကျေးရွာဘက်၌ အောက်တိုဘာ ၃ဝ ရက် ည ၈ နာရီခွဲခန့်တွင် မသင်္ကာဖွယ်ရာ မီးရောင်တွေ့မြင် ရသဖြင့် ငါးခူရ ရဲကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေးရာ ၄င်းကျေးရွာနေ နုရူဒိန် (ဘ) ဒီမာမောက် ၏ ဈေးဆိုင်ခန်း မီးလောင်ကျွမ်း နေသည်ကို တွေ့ရှိရသည်။

မီးလောင်ကျွမ်း နေမှုအား အဆိုပါ ကျေးရွာတွင် နေထိုင်ကြ  သူများက မီးငြှိမ်းသတ်ခြင်း မရှိသည်ကို တွေ့ရှိရသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ များကို ခေါ်ယူပြီး ဝိုင်းဝန်း ငြှိမ်းသတ်မှသာ ည ၉ နာရီခွဲ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်း မှုကြောင့် ဓနိမိုး ဝါးထရံကာ ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်၊ ဆိုင်ကယ် အပိုပစ္စည်း ဆိုင်တစ်ဆိုင်၊ ပရိဘောဂ ပစ္စည်း ဆိုင်တစ်ဆိုင်၊ ဆံသဆိုင် တစ်ဆိုင်နှင့် ဆိုင်ခန်း အလွတ် နှစ်ခန်း၊ စုစုပေါင်း ဆိုင်ခန်းခြောက်ခန်း (ကာလတန်ဖိုး သုံးသိန်းကျပ်ခန့်) ပျက်စီး ဆုံးရှုံးခဲ့ပြီး ကျေးရွာ လုံခြုံမှု ရရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက နယ်မြေ လုံခြုံရေး ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment