Pages

Monday, November 28, 2016

သံချေးတက်နေသော စစ်ကျန်သေနတ် ၃၇ လက်အား သိမ်းဆည်းရမိ


သိမ်းဆည်းရမိသော စစ်ကျန် ကာဘိုင်သေနတ် နှင့် ရိုင်ဖယ်သေနတ်တို့ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၁-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကွမ်းတောင်း ကျေးရွာနေ ဦးထွန်းထွန်းစိုး သည် ငါးရှာဖွေရန် သွားရောက်စဉ် စစ်သောင်ကျေးရွာ ၏အနောက်ဘက် ၄ မိုင်ခန့်အကွာ ကျောက်ခုံ ချောင်းဘေးမှ သေနတ်ဟု ယူဆရသော သံတိုသံစများ တွေ့ရှိကြောင်း သတင်း ပေးပို့ချက်အရ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် အဆိုပါနေရာ သို့ သွားရောက် စစ်ဆေးရာ သံချေးတက် နေသော စစ်ကျန် ကာဘိုင် သေနတ် ငါးလက်နှင့် ရိုင်ဖယ် ၃၂ လက်တို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ ခဲ့သော လက်နက်ဟောင်း များအား နယ်မြေခံတပ်တွင် စနစ်တကျ ထိန်းသိမ်းထား ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment