Pages

Monday, November 28, 2016

မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ်နိုင်


မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးစက်ရုံ (အင်းစိန်)

ရန်ကုန် ၊ ၂၈-၁၁-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံ၌ ယခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

''ပြည်တွင်း လိုအပ်ချက်က နှစ်စဉ် မြွေဆိပ်ဖြေဆေး အလုံးရေ ၈ဝဝဝဝ လောက်လိုအပ် ပါတယ်။ ဒီနှစ်မှာတော့ အလုံးရေ တစ်သိန်း အထိ ထုတ်လုပ်နိုင်တယ်။ နီပေါနိုင်ငံက သူတို့ဆီမှာ မထုတ်လုပ် နိုင်သေးတဲ့ အတွက် ဝယ်ယူဖို့ ကမ်းလှမ်းထား ပါတယ်။ နိုင်ငံခြားကို တင်ပို့မယ်ဆိုရင် နှစ်ပိုင်းရှိ တယ်။ မြွေဆိပ်ဖြေဆေးကို အသင့်ထိုးနိုင်ဖို့ အလုံးလိုက် တင်ပို့မယ်ဆိုရင် ဟိုဘက်မှာ ရှိတဲ့ မြွေအမျိုးအစားချင်း၊ မျိုးစိတ်ချင်း တူချင်မှတူမယ်။ မတူရင် မြွေဆိပ်ဖြေဆေး က ထိုးလို့မရဘူး။ အဲဒီတော့ ယူချင်မှယူမယ်။ နောက်တစ်ခုက သူတို့ဘက်က သူတို့နိုင်ငံက မြွေအမျိုးအစား ရဲ့အဆိပ်ကို ထုတ်ပေးပြီး အဲဒီအဆိပ်နဲ့ ကျွန်တော်တို့ဆီက ဆေးဝါးစက်ရုံမှာ မြွေဆိပ်ဖြေဆေး ပြန်ထုတ်မယ်။ ဒါဆိုရင် အဲဒီ မြွေဆိပ်ဖြေ ဆေးကို သူတို့သုံး လို့ရမယ်'' ဟု စက်မှုဝန်ကြီး ဌာန မြန်မာ့ ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြွေဆိပ်ဖြေဆေး ကို မြင်း၏ သွေးရည်ကြည် မှတစ်ဆင့် ထုတ်လုပ်ခြင်း ဖြစ်၍ မြန်မာနိုင်ငံ၌ စီးပွားဖြစ် မြင်းမွေးမြူမှု နည်းပါးပြီး မြင်းလှည်းကျ မြင်းများသာ ရှိခြင်းကြောင့် မြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) အထိ ရှာဝယ် ရကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးကို ၁၉၆၂ ခုနှစ် ကတည်းက ဘီပီအိုင် စက်ရုံမှ မြင်း သွေးရည်ကြည် ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလုံးရေ ထောင်ဂဏန်းခန့်သာ ထုတ်လုပ်နိုင်ကာ ယခုအခါ သိုးမှတစ်ဆင့် ထုတ်လုပ် နိုင်သည့် နည်းပညာ များလည်း ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment