Pages

Monday, November 28, 2016

မွန်ပြည်နယ်၌ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများတွင် နိုင်ငံခြားသားများအား တရားမ၀င် တင်ဆောင်ပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်



မော်လမြိုင် ၊ ၂၈-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အတွင်း မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် နိုင်ငံခြားသား များကို ဖမ်းဆီး ရမိခြင်းကြောင့် နောက်ပိုင်းတွင် ယင်းကဲ့ သို့ ထပ်မံဝင်ရောက် လာမှု မဖြစ်ပေါ်စေရန်မော်တော်ယာဉ် လိုင်းများ၌ နိုင်ငံခြားသား များအား တရားမဝင် တင်ဆောင် လာခြင်းကို စစ်ဆေး တွေ့ရှိပါက ဒီဇင်ဘာလဆန်း ပိုင်းမှစပြီး ယာဉ်လုပ်ငန်း လိုင်စင် ပိတ်သိမ်း သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''နိုင်ငံသား တစ်ယောက်က တခြားနိုင်ငံ တစ်နိုင်ငံကို သွားမယ်ဆိုရင် ပတ်စ်ပို့တို့၊ ဗီဇာ တို့ပါရမယ်။ ဘာမှမပါရင် တရားမဝင် နိုင်ငံသား ဖြစ်သွားမယ်။ အဲဒါကို လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အက်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်။ ဒါ့အပြင် မော်တော်ယာဉ် တွေမှာ တရားမဝင် နိုင်ငံခြားသားတွေ တင်ဆောင် လာတာကို တွေ့ရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမှာ ဖြစ်ပြီး လက်မှတ် ရောင်းချသူ၊ ဂိတ်တာဝန်ခံ တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အားလုံးကို အရေးယူ သွားမှာပါ '' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်းကဲ့သို့ အရေးယူရာတွင် မော်တော်ယာဉ် လုပ်ငန်းလိုင်စင် ကို သုံးလအထိ ပိတ်သိမ်းသွားမည် ဖြစ်ပြီး မော်တော်ယာဉ် လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင်ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး ရောင်းချရမည် ဖြစ်သည်။ မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသော နိုင်ငံခြားသားများ ဝင်ရောက်မှု မရှိစေရန် မော်တော်ယာဉ် လိုင်းများ အပါအဝင် တည်းခိုခန်းများ၊ ဟိုတယ်များ၊ မိမိတို့၏ နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ များ၌ တရားမဝင် လာရောက်သည့် နိုင်ငံခြား သား များကို တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း များထံ အကြောင်းကြားရန် ညွှန်ကြား ထားကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment