Pages

Friday, November 4, 2016

ရသေ့တောင်မြို့နယ် နှင့် မောင်တောမြို့နယ် တို့မှ မသင်္ကာဖွယ်ဘင်္ဂါလီ လူမျိုးများ ထပ်မံဖမ်းဆီးရမိ


ဖမ်းဆီးရမိ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုးများကို တွေ့ရစဉ်


နေပြည်တော် ၊ ၄-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော နယ်မြေများ အတွင်းသို့ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ထပ်မံဝင်ရောက်မှု မရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများ၊ တပ်မတော်(ရေ) အထူးတပ်ဖွဲ့ များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ည ၇ နာရီ မိနစ် ၅ဝ တွင် ရသေ့တောင် မြို့နယ်၊ ဒုံပိုက်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့် အကွာရှိ ပုဒ်မ-၁၄၄ ထုတ်ပြန် ထားသည့် ဧရိယာ အတွင်း၌ မောင်တင်ရွှေ အမည်ရှိ မသင်္ကာဖွယ် ငါးဖမ်းစက်လှေ တစ်စင်းအား တွေ့ရှိခဲ့သည်။

အဆိုပါ ငါးဖမ်းစက်လှေ အား သွားရောက် စစ်ဆေးရာ စက်လှေပေါ်တွင် လိုက်ပါလာသော မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး များဖြစ် သည့် ဇာဖောက်ရာမောက် (ဘ) မော်စတာကာ မာရ်၊ မော်ဂူလ်(ဘ) အာလီအာမောက်၊ ဟာဖိတ်ဟူဆောင်း (ဘ) အဒူခေါ်ရိမ်၊ မာမတ်ဟူဆောင် (ဘ) အလီဟူဆောင်၊ မာမတ်အီနိုစ် (ဘ) ဟာမာမတ်အမိန်၊ မာမောက်ရော်ဖိတ် (ဘ) အဒူဂေါ်နီ၊ မာမောက်ရော်ဖိတ် (ဘ) နုရ်ဟာ နှင့် မာမောက်ရော်ဟိမ် (ဘ)နူရ်မာမောက် တို့ကို ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ များအား တရားဥပဒေ အရ အရေးယူနိုင်ရေး အင်းဒင်နယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ ပြောင်ပိုက်ကျေးရွာ ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောအတွင်း ၌ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုးများ ဖြစ်သည့် နိုရူဆောင်း (ဘ) ဟူဆောင်း၊ အီလီယာစ် (ဘ) အဘူဆော်တီ၊ နိုဂူဘရှော့ (ဘ) ရှော့မူလူနှင့် ခါမာန်ဟူဆိန် (ဘ) မာမွတ်ဆာလောင် တို့ကို ဖမ်းဆီးရမိ ခဲ့သည်။ ဖမ်းဆီးရမိ သူများအား ကြိမ်ချောင်းနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment