Pages

Friday, November 4, 2016

မြန်မာ့ရေပိုင်နက် အတွင်း တရားမ၀င် ၀င်ရောက်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖမ်းမိ


ဖမ်းဆီးရမိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို တွေ့ရစဉ်


နေပြည်တော် ၊ ၄-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော်(ရေ) မှ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာကြီးချောင်း နှင့် ပြင်ဖြူချောင်း အကြား၌ မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် စစ်ဆေးရာ မိမိနိုင်ငံ ရေပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် တစ်ဖက် နိုင်ငံသား ဘင်္ဂါလီ လူမျိုး ဟာမစ်(ဘ) ဂေါ်ဘီယာမွတ်၊ အစ္စမိုင် (ဘ) အီစလမ် နှင့် နိုဘိုဆောင်း (ဘ)  မာမတ်စီးတီး တို့ကို ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ များအား တရား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး မောင်တောမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment