Pages

Thursday, November 3, 2016

တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များမှ ဆောင်ရွက်မှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု မဟုတ်မမှန်စွပ်စွဲချက်များ အပေါ် မှန်ကန်မှုမရှိကြောင်း နိုင်ငံတကာသို့ ပြသ


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ဝင်များ 
UNDP ကိုယ်စားလှယ် နှင့် သံအမတ်ကြီး များအား စစ်တွေလေဆိပ်ခန်းမ ၌ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ် များနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိ ဆောင်ရွက် ထားသည့် အခြေအနေများကို သိရှိနိုင်ရန် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်း စာနာမှု အကူအညီ ပေးရေး ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တချို့၏ မေတ္တာရပ် ခံချက်ဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များသည် ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

စစ်တွေလေဆိပ် ခန်းမတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က မောင်တောနှင့် ရသေ့တောင်မြို့နယ် များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များ အပြီးတွင် အစိုးရက ဥပဒေနှင့် အညီ ဖြေရှင်းလျက် ရှိကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်အား ဖြေရှင်းရာတွင် အစ္စလာမ်ဘာသာ ဝင်များအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အထောက်အထားမဲ့ စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အတင်းအဓမ္မ ပြုကျင့်ခြင်း၊ နေအိမ်များအား ရွာလုံးကျွတ် မီးရှို့ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်ဟူသော ပြင်ပသတင်း များမှာ ဟုတ်မှန်မှု မရှိကြောင်း၊ ယခုမြေပြင် တွင် အမှန်တကယ် လက်တွေ့ ကွင်းဆင်း လေ့လာသုံးသပ် ဆုံးဖြတ်နိုင်ရန် လိုက်လံပြသ ပေးမည်ဖြစ်ကြောင်း နှင့် မြေပြင်တွင် တွေ့ရှိရမည့် အစ္စလာမ် ဘာသာဝင်များအား ကိုယ်တိုင်မေးမြန်း နိုင်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လမ်းညွှန် ထားသည့်အတိုင်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ 

တို့အနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ နှစ်ဖက် မျှမျှတတ ရှိစေရန် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်လျက် ရှိကြောင်း UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များအား ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သို့ ရောက်ရှိပြီး မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် ရှင်းလင်းဆောင် ၌ မောင်တောနှင့် ရသေ့တောင် မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်၊ အကြမ်းဖက်မှု ဖြစ်စဉ် နောက်ပိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို မှတ်တမ်း အထောက်အထား အပြည့် အစုံဖြင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရ တို့မှ တာဝန်ရှိသူ များက ရှင်းလင်းသည်။

UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး တချို့က သိရှိလိုသည် များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူ များက ပြန်လည် ဖြေကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် အဖွဲ့များသည် နေအိမ်ငယ် တချို့ကို မီးရှို့ထားခဲ့သည့် ဝါးပိတ်ကျေးရွာ သို့ သွားရောက် ကြည့်ရှုသည်။

ယင်းနောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု စတင်ဖြစ်ပွားသည့် ကျီးကန်းပြင် ကျေးရွာသို့ သွားရောက်ရာ ဝါးပိတ်ကျေးရွာ နှင့်ကျီးကန်းပြင် ကျေးရွာတို့မှ တိမ်းရှောင် ပုန်းအောင်း နေသည့် အစ္စလာမ် ဘာသာဝင် များသည် 

၎င်းတို့ ပုန်းအောင်းသည့် နေရာများမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ၊ UNDP ကိုယ်စားလှယ် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး များကို လာရောက် တွေ့ဆုံသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဇင်ပိုင်ညာ ကျေးရွာတွင် နေထိုင်လျက် ရှိသည့် အစ္စလာမ် ဘာသာဝင် များနှင့် တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များသည် ရခိုင်၊ ဒိုင်းနက်၊ မြို နှင့် အစ္စလာမ် ဘာသာဝင် များ သင့်မြတ်စွာ စုပေါင်း နေထိုင်လျက် ရှိသည့် ကြိမ်ချောင်း ကျေးရွာသို့ သွားရောက် ခဲ့သည်။

ယင်းနောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် တပ်မတော်သား ငါးဦးကျဆုံး ခဲ့သည့် ပြောင်ပိုက်ကျေးရွာ သို့ သွားရောက် ခဲ့ကြပြီး အဆိုပါကျေးရွာ ဝန်းကျင်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် များနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဒိုးတန်းကျေးရွာ၊ ငါးခူရကျေးရွာ များသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု ကြသည်။

ယခုခရီးစဉ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် များတွင် ရဲစခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ခံခဲ့ရသဖြင့် တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲချက်များ အပေါ် မှန်ကန်မှု မရှိကြောင်း နိုင်ငံတကာ အသိုက်အဝန်း သို့ ပြသ နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment