Pages

Thursday, November 3, 2016

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ



နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ကို နိုဝင်ဘာ ၁ ရက် ည ၈ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြု ညစာစားပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်အတူ ဇနီး ဒေါ်သန်းသန်းအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ တက်ရောက် ကြပြီး အိန္ဒိယရေတပ် ဦးစီးချုပ်နှင့် အတူ ဇနီး Mrs. Reena Lanba၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Captain Manmeet S Khurana နှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် အိန္ဒိယရေတပ် ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြား၍ တက်ရောက် လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာ ကို အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီ နှင့် သုံးဆောင်နေစဉ် အတွင်း မြဝတီတေးဂီတ အဖွဲ့မှ နှစ်နိုင်ငံတေး သီချင်းများ၊ အကပဒေသာ များဖြင့် သီဆို ကပြဖျော်ဖြေ ကြပြီး ညစာ သုံးဆောင်အပြီး တွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြဝတီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီး များအား ဂုဏ်ပြု ပန်းခြင်းများ အသီးသီးပေးအပ် ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment