Pages

Wednesday, November 30, 2016

သီလ၀ါအထူးစီးပွားရေးဇုန် ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံထား


Foster Electric Company, Thilawa Special Ecomomic Zone

ရန်ကုန် ၊ ၃၀-၁၁-၂၀၁၆

လက်ရှိ သီလဝါအထူး စီးပွားရေးဇုန် ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

သီလဝါအထူး စီးပွားရေးဇုန် သည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လုပ်ငန်း စတင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၄ ခု ရင်းနှီးမြှုပ်နှံ ခွင့်ပေး ထားကြောင်း သိရသည်။

သီလဝါအထူး စီးပွားရေးဇုန် ၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လက်ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၉၆ ဒသမ ၂ဝ၁ ဘီလီယံ ရှိသည်။

နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုများအနက် စင်ကာပူနိုင်ငံ သည် အများဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံက ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံ ထားကာ ရင်းနှီး လုပ်ကိုင်သော လုပ်ငန်း များအနက် စက်မှုကဏ္ဍနှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန် အတွင်း ပလတ်စတစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ သတ္တုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆေးဝါး လုပ်ငန်းများ အပါအဝင် တခြား လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ကျော်ကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment