Pages

Friday, November 25, 2016

ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ် အား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ ၁၃ ဦး ထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) ကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ ၁၃ ဦးအား ယမန်နေ့ နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝါးပိတ်ကျေးရွာ နှင့် ဦးရှည်ကျ ကျေးရွာတို့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန် ထားသည်။

မောင်တောမြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျီးကန်းပြင် ရဲစခန်းအား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ ဝါးပိတ်ကျေးရွာမှ အီနုနှင့်အာယု တို့အား ယမန်နေ့နံနက် ၇ နာရီခန့်တွင် လည်းကောင်း၊ ဦးရှည်ကျ ကျေးရွာမှ ရှားအာလောင် အပါအဝင် ၁၁ ဦးအား နံနက် ၈ နာရီခွဲခန့်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိသူများအား သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့လွှဲပြောင်း ပေးအပ်ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment