Pages

Friday, November 25, 2016

ကုန်ပစ္စည်းအမျိုးအမည် ၅၀၀၀ ကျော်ကို အမေရိကန်ဈေးကွက်သို့ အခွန်သက်သာခွင့် စနစ်ဖြင့် တင်ပို့နိုင်ရန် ခွင့်ပြုလိုက်သော်လည်း လတ်တလောတွင် အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်



ရန်ကုန် ၊ ၂၅-၁၁-၂၀၁၆

အမေရိကန်နိုင်ငံ သည် မြန်မာနိုင်ငံ၏ ကုန်ပစ္စည်း အမျိုးအမည် ၅ဝဝဝ ကျော်ကို အမေရိကန် ဈေးကွက်သို့ အခွန်သက်သာခွင့် စနစ် GSP ဖြင့် တင်ပို့နိုင်ရန် ခွင့်ပြုလိုက် သော်လည်း လတ်တလောတွင် အကျိုးအမြတ် ရရှိနိုင်မည် မဟုတ်သေး ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထိုသို့ အခွန် ကင်းလွတ်ခွင့် ပေးလိုက်သော်လည်း မည်သည့် အရည်အသွေး ရှိမှ တင်သွင်းခွင့်ပြုမည် ဆိုသော စံသတ်မှတ်ချက်များ ရှိနေသေးပြီး ယင်း သတ်မှတ်ချက် များကို လုပ်ဆောင်နိုင် မှသာ အကျိုးခံစားခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

''အမေရိကန်ရဲ့ အခွန်သက်သာခွင့် စနစ် ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံ အနေနဲ့ ချက်ချင်း အကျိုးမဖြစ်နိုင်တာ တွေရှိတယ်။ ဒါပေမဲ့ အခွန်သက်သာ ခွင့်ကြောင့် အမေရိကန် နဲ့ နိုင်ငံရပ်ခြားက လုပ်ငန်းရှင်တွေ အဖို့တော့ မြန်မာနိုင်ငံမှာ ပစ္စည်းလာ ထုတ်လုပ်ပြီး အမေရိကန် ဈေးကွက်ကို ပြန်လည် တင်ပို့တာတွေ ရှိလာမှာဆိုတော့ အမေရိကန် အပါအဝင် အဲဒီ ဈေးကွက်ကို လိုချင်တဲ့ နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကတော့ တိုးလာဖို့ ရှိတယ်'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

ကုန်ပစ္စည်း အမျိုးအမည် ၅ဝဝဝ ကျော်ကို အမေရိကန် နိုင်ငံသို့ အခွန် သက်သာခွင့် စနစ်ဖြင့် တင်ပို့နိုင်ရန် ခွင့်ပြုခဲ့ရာတွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ သို့ တင်ပို့လျက် ရှိသည့် ကြိမ်နှင့် ကြိမ်ထည် ပရိဘောဂ ပစ္စည်းများ၊ သစ်အခြေခံ ပရိဘောဂ ပစ္စည်းများ၊ ခရီးဆောင် ပစ္စည်းများ ဖြစ်သော လက်ဆွဲအိတ်၊ ကျောပိုးအိတ် ကဲ့သို့ပစ္စည်း များလည်း ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် ဈေးကွက်သို့ တင်ပို့ရန် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များလည်း လိုအပ်ပြီး အခွန် သက်သာခွင့် စနစ်ကို ခံစားခွင့် ရနိုင်ရေးမှာ လတ်တလောတွင် မဖြစ်နိုင် သေးကြောင်း လုပ်ငန်းရှင် များက သုံးသပ်ကြသည်။ သစ်တောထွက် ပစ္စည်းများမှာ ပြီးခဲ့သည့်နှစ်နှစ် မှစ၍ သစ်အချောထည် များ တင်ပို့ခွင့် ရရှိခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment