Pages

Monday, October 10, 2016

သတ္တုတွင်းနည်းဥပဒေသစ် အရ သတ္တုလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင် လိုသူများ အခွင့်အလမ်း ပိုမိုရရှိနိုင်


ရန်ကုန် ၊ ၁၀-၁၀-၂၀၁၆

သတ္တုတွင်း နည်းဥပဒေ သစ်အရ သတ္တု လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်လို သူများ အခွင့်အလမ်းများ ပိုမိုရရှိ နိုင်ကြောင်း မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က ပြောသည်။

၁၉၉၄ ခုနှစ်က ရေးဆွဲခဲ့သော သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ၂ဝ၁၅ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး လက်ရှိပြင်ဆင် ထားသော သတ္တုတွင်း ဥပဒေနှင့် အညီ နည်းဥပဒေ ပေါ်ပေါက်ရန် ရေးဆွဲ ဆောင်ရွက် လျက်ရှိရာ သတ္တုတွင်း နည်းဥပဒေသစ် တွင် ခွင့်ပြုမိန့် အမျိုးအစားများ ထပ်မံ တိုးမြှင့်ထားကြောင်း သိရသည်။

''အရင်က ဥပဒေဟောင်း မှာ အကြီးစား၊ အသေးစား၊ လက်လုပ် လက်စား သုံးမျိုးပဲ ရှိတယ်။ အခု ဥပဒေသစ်မှာ အကြီးစား၊ အလတ်စား၊ အသေးစား၊ လက်လုပ် လက်စား လေးမျိုး ဖြစ်လာတယ်။ ဒါ့အပြင် တစ်ဆင့် တက် ပြုပြင်ခြင်းနဲ့ ဝယ်ယူ ရောင်းချခြင်း တွေ ထပ်တိုးလာမယ်။ ခွင့်ပြုမိန့် အမျိုးအစားတွေ ပိုများလာမယ်။ အဲဒါကြောင့် သတ္တုလုပ်ငန်း မှာ ဝင်ရောက် လုပ်ကိုင်လိုတဲ့ သူတွေအတွက် အခွင့်အလမ်းတွေ ပိုရလာမယ်'' ဟု ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က ပြောသည်။

သတ္တုတွင်း နည်းဥပဒေတွင် ခွင့်ပြုမိန့် အမျိုးအစား ပိုမိုများပြား လာရာ သတ္တု လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်လို သူများအဖို့ အခွင့်အလမ်း များစွာ ရရှိလာနိုင်ပြီး ခွင့်ပြုမိန့် အမျိုးအစား များပြား လာခြင်းကြောင့် ပိုမိုဆောင်ရွက် ရန်မလိုဘဲ ထုတ်လုပ် ခွင့်ပြုမိန့် ရရှိပါက တစ်ဆင့်တက် ပြုပြင်ခြင်း၊ ရောင်းချခြင်း၊ ခွင့်ပြုမိန့် များအား အလိုအလျောက် ရရှိနိုင်မည် ဖြစ်သည်။ ယခင်က တစ်ဆင့်တက် ပြုပြင်ခြင်းနှင့် ဝယ်ယူ ရောင်းချခြင်း များ မရှိသောကြောင့် လုပ်ငန်းေ ဆာင်ရွက်ရန် အခက်အခဲ ရှိသော်လည်း နည်းဥပဒေ သစ်တွင် တစ်ဆင့်တက် ပြုပြင်ခြင်း နှင့်ဝယ်ယူ ရောင်းချခြင်းများ၊ သီးခြား ဆောင်ရွက်ရန် အခွင့်အလမ်းများ ပါဝင်လာ၍ လုပ်ငန်း လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေ လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment