Pages

Monday, October 31, 2016

နေရပ်ပြန်မည့် အဝေးသင် ကျောင်းသား ကျောင်းသူများအတွက် တိုင်းဒေသကြီးအစိုးရက ချင်းတွင်းမြစ်ကြောင်း သင်္ဘောများ စီစဉ်ပေး



ရွှေဘို ၊ ၃၁-၁၀-၂၀၁၆

မုံရွာတက္ကသိုလ် တွင် အဝေးသင် စာမေးပွဲ လာရောက် ဖြေဆိုကြသည့် ချင်းတွင်း အထက်ပိုင်းဒေသ များမှ ကျောင်းသား၊ ကျောင်းသူများ အပြန်ခရီးတွင် အဆင်ပြေမှု ရှိစေရေး အတွက် တိုင်းဒေသကြီး အစိုးရ  အဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ ချင်းတွင်းမြစ်ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ နိုဝင်ဘာ ၂ ရက်တွင် ရေယာဉ် နှစ်စီးဖြင့် စီစဉ်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ချင်းတွင်း ဒေသမှ မုံရွာ တက္ကသိုလ်တွင် အဝေးသင် စာမေးပွဲ လာရောက်ဖြေဆို သူ ကျောင်းသား ကျောင်းသူပေါင်း ဦးရေ သုံးရာကျော် ရှိရာ အပြန်ခရီးတွင် အဆင်ပြေေ ချာမွေ့စေရေး အတွက် ဆိုင်ကယ်များကို ကုန်တင် ရေယာဉ်များ ဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ခရီးသည်တင် အမြန်ရေယာဉ် များဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''နိုဝင်ဘာ ၁ ရက်မှာ မော်တော် ဆိုင်ကယ်တွေကို ဇော်ဟိန်းနဲ့ မြကမ္ဘာစိုး ကုန်တင်အမြန် ရေယာဉ်နှစ်စီး ပေါ်ကို အပြီးတင် ရပါမယ်။ ချင်းတွင်း အထက်ပိုင်း ဒေသများကို လိုက်ပါမယ့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ရွှေပြည်ကမ္ဘာ အသင်းက ရေယာဉ်တစ်စီး ရယ်၊ နိုင်မင်းဆန်း ရေယာဉ်ရယ် ရေယာဉ်နှစ်စီး နဲ့ နိုဝင်ဘာ ၂ ရက် နံနက် ၅ နာရီမှာ မုံရွာမြို့ ကျောက်ဆောင် ဆိပ်ကမ်းကနေ စတင်ထွက်ခွာ မှာပါ။ မုံရွာမြို့ ကနေ နိုဝင်ဘာ ၂ ရက် နံနက် ၁ဝ နာရီမှာ ထွက်ခွာမှာပါ။ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ခရီးသွားလာမှု အဆင်ပြေစေဖို့ အတွက် ကျွန်တော်တို့ ကော်မတီက စီစဉ်ပေးတာ ဖြစ်ပါတယ်'' ဟု မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

မင်းဝေ (မုံရွာ)

ရတနာပုံနေ့သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment