Pages

Tuesday, October 4, 2016

ဥရောပနိုင်ငံများသို့ မြန်မာ့သနပ်ခါး တရားဝင်တင်ပို့နိုင်ရေး ဆောင်ရွက်နေ



ရန်ကုန် ၊ ၄-၁၀-၂၀၁၆

ဥရောပနိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသော သနပ်ခါးအား ကုန်ချောအဖြစ် တရားဝင် တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာ့သနပ်ခါး ထုတ်ကုန် များအား ယခုအခါ နမူနာအဖြစ် ပေးပို့ထားပြီး အဆိုပါ ပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ်၍ ဘေးဥပဒ် အန္တရာယ်ကင်းပြီး အရည်အသွေး ကောင်းမွန်ကြောင်း လက်ခံပါက စတင်တင်ပို့ သွားမည် ဖြစ်ကြောင်း KSH Co., Ltd မှ မန်နေးဂျင်း ဒါရိုက်တာ Kenneth Sein ကပြောသည်။

ယခု ဥရောပသို့ တင်ပို့နိုင်ရန် သနပ်ခါးမှ ထုတ်လုပ်သော သီးသန့်ထုတ်ကုန် အဖြစ် ဆပ်ပြာ၊ တိုနာ၊ ရေမွှေး၊ ရှန်ပူ၊ မျက်နှာသစ် ဆပ်ပြာ စသည်ဖြင့် အမျိုးပေါင်း ၁၅ မျိုးအား ထုတ်လုပ် ထားသည်။ အဆိုပါ ထုတ်ကုန်များကို FDA ထောက်ခံစာ ရရှိထားပြီး ဖြစ်သော်လည်း တင်ပို့မည့် နိုင်ငံများ၏ အရည်အသွေး နှင့် စံချိန် ကိုက်ညီရန် လိုအပ်ကြောင်း၊ အဆိုပါနိုင်ငံ၏ စစ်ဆေးမှုကို ရယူနေခြင်း ဖြစ်ကြောင်း သိရသည်။

ဥရောပနိုင်ငံမှ မြန်မာ့ထုတ်ကုန် သနပ်ခါးအား ယခင်က ဝယ်ယူပြီး စမ်းသပ်သုံးစွဲ ခဲ့စဉ်၌ အကြိုက်တွေ့ခဲ့ သဖြင့် ယခုအခါ တင်ပို့နိုင်ရေး အတွက် စီစဉ်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment