Pages

Sunday, September 25, 2016

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်




နေပြည်တော် ၊ ၂၅-၉-၂၀၁၆

မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့သည် ယမန်နေ့တွင် ထန်းပင်ကုန်းကြီး ကျေးရွာ၊ အိုင်မကြီး ကျေးရွာ၊ ဖက်တောကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၇၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ ကလေးရောဂါနှင့် အခြားရောဂါ များအား လိုအပ်သည့် စစ်ဆေးကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ခြောက်ဦး၊ မျက်စိခွဲစိတ် လူနာ ၂၇ ဦး၊ သွားရောဂါ လူနာ ၇၂ ဦးတို့အား ရွေ့လျားခွဲစိတ် ကုသယာဉ်ဖြင့် ခွဲစိတ်ကုသ ပေးခြင်း၊ ဓာတ်မှန်ရိုက်သူ ၄၅ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်သူ ၇၅ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်သူ ၃၆ ဦးတို့အား ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ဓာတ်ခွဲယာဉ် တို့ဖြင့် ရောဂါ ရှာဖွေခြင်းများ ပြုလုပ်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာ ၁၈ ဦးကိုလည်း မိတ္ထီလာမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment